Apps

Kaspersky Anti-Virus အသစ်

နေ့စဉ် အင်တာနက် အသုံးပြုနေကြတဲ့ မြန်မာအိုင်စီတီ ပရိသတ်တွေရဲ့ ကွန်ပျူတာကို လုံခြုံစိတ်ချမှု ရှိအောင် အမြဲတမ်း Up To Dateဖြစ်နေမယ့် Anti-Virusတစ်ခုခု တင်ထားဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မနေ့ကမှ အသစ်စက်စက် ထွက်ရှိလာတဲ့ Windows OSတွေမှာ Runနိုင်မယ့် Kaspersky Anti-Virusအသစ်ကို တင်ဆက်ပေး လိုက်ပါတယ်။ အဆိုပါ Anti-Virusဟာ Kaspersky Labက ထုတ်လုပ်တာ ဖြစ်ပြီး ဖိုင်အရွယ်အစား 221MBနဲ့ ဒီနေရာမှာအခမဲ့ ရယူနိုင်ပါတယ်။ Anti-Virusတွေ များစွာရှိတဲ့ အထဲမှာ သုံးစွဲသူတွေကလည်း ကိုယ်နှစ်သက်ရာကို ရွေးချယ် သုံးစွဲကြတာ ဖြစ်လို့ သင်တို့လည်း ဒီAnti-Virusကို စမ်းသပ်သုံးစွဲ ပြီးကြိုက်ရင်တော့ ဆက်သုံးပေါ့ဗျာ။

အခု Anti-Virusအသစ်မှာတော့ Emailနဲ့ Internet Trafficတွေကို သုံးစွဲနေစဉ်မှာတင် တစ်ခါတည်း Scanလုပ်ပေးသွားမယ့် စနစ်၊ အသစ်ထွက်လာတဲ့ အန္တာရယ်ရှိတဲ့ ပရိုဂရမ်တွေကို ကာကွယ်ပေးတဲ့ စနစ်၊ Rootkitsတွေကို ကာကွယ်ပေးတဲ့ စနစ်၊ Databaseကို ချက်ချင်း Updateလုပ်ပေးခြင်းနဲ့ Virus Scanningကိုလည်း ကြန့်ကြာမှု မရှိအောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သုံးစွဲရလည်း ပိုမိုရိုးရှင်း လွယ်ကူသွားတာကို တွေ့ရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *