Business, Featured, Lifestyle, Review

Apple-IBM ပူးပေါင်းမှုဟာ Blackberryအတွက် သေဆုံးခြင်းလား

Apple-IBM ပူးပေါင်းမှုဟာ Blackberryအတွက် သေဆုံးခြင်းလား

သတိထားပေတော့ Blackberryရေ။ iPhoneက မင်းရဲ့ စားခွက်ကို နောက်တစ်ကြိမ် လုစားတော့မှာပါ။

Blackberryဟာ စားသုံးသူ စမတ်ဖုန်းဈေးကွက်ကို Appleနဲ့ အခြား ကုမ္ပဏီများကို ထိုးကျွေးခဲ့ရပြီးပါပြီ။ Blackberryဟာ သူတို့ရဲ့ အဓိကဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ထုတ်ကုန်များကို ပြန်လည်အာရုံစိုက်ရင်း ပြန်တည်ဆောက်နေရပါတယ်။ ဒါပေမယ့် Appleက IBMနဲ့ ပူးပေါင်းပြီး အဲဒီစီးပွားရေးကိုလည်း လုယူချင်နေပါတယ်။

မကြာမီကပဲ Appleနဲ့ IBMက iPhones, iPadများအတွက် စီးပွားရေးလုပ်ငန်းသုံး Appsများကို တီထွင်ဖို့ ပူးပေါင်းလိုက်တယ်လို့ ကြေညာပါတယ်။ IBMက Cloud၀န်ဆောင်မှုကို ပံ့ပိုးပေးရင်း ကုမ္ပဏီနှစ်ခုဟာ iOSအတွက် App တစ်ရာကျော် တီထွင်မယ်လို့ မျှော်လင့်ရပါတယ်။

Appleရဲ့ စားသုံးသူထုတ်ကုန်များအပေါ် ကျွမ်းကျင်မှုနဲ့ IBMရဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ကျွမ်းကျင်မှုတို့ကို ပေါင်းစည်းဖို့ မျှော်လင့်နေကြပါတယ်။ သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ IBMက ဖောက်သည်များကို စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှုများပါတဲ့ iPhones, iPadsများကို ရောင်းချပေးရမှာပါ။

ဒါဟာ Blackberryအတွက် ပြဿနာပါ။ Blackberryဟာ QNX Softwareကြောင့် စီးပွားရေးလုပ်ငန်းဈေးကွက်မှာ နှစ်ဆကျဆင်းခဲ့ပါတယ်။ သူဟာ အိန္ဒိယမှ ကျန်းမာရေးစောင့်ရှောက်မှု Deviceဈေးကွက်ကို ၀င်ရောက်တော့မယ်လို့ ကြေညာအပြီးမှာ ရှယ်ယာတွေဟာ ထိုးကျခဲ့ပါတယ်။

Blackberryရဲ့ ရှယ်ယာပိုင်ရှင်တွေက Apple-IBMနှစ်ယောက်ပေါင်းပြီး အလုံးအရင်းနဲ့ သူတို့နယ်ပယ်ကို ၀င်ရောက်လာမှာကို မကြိုက်ကြပါဘူး။ ပထမအကြိမ်မှာလည်း Appleဟာ Blackberryကို ပျက်ဆီးလုနီးပါး ဖြစ်စေခဲ့ပြီးပါပြီ။ ဒုတိယအကြိမ်မှာ Blackberry ရှင်သန်နိုင်ပါအုံးမလား ဆိုတာစောင့်ကြည့်ရပါမယ်။

“ကုမ္ပဏီနှစ်ခုရဲ့ ဒေတာလုံခြုံရေးနဲ့ Device စီမံခန့်ခွဲမှု ဆော့ဝဲတွေဟာ Blackberryလို ကုမ္ပဏီတွေရဲ့ မိုဘိုင်း ကိရိယာ စီမံခန့်ခွဲမှု ဆော့ဝဲ(MDM)ကို ခြိမ်းခြောက်လာမှာပါ။ ကုမ္ပဏီနှစ်ခုရဲ့ လုံခြုံရေးထုတ်ကုန်များဟာ Blackberryနဲ့ အခြား ကုမ္ပဏီများလောက် မကောင်းဘူးဆိုရင်တောင် MDM ထုတ်လုပ်သူတွေဟာ iPhones, iPadsများမှာ ထည့်သွင်းထားတဲ့ IBMရဲ့ မိုဘိုင်းကိရိယာ ဆော့ဝဲတွေကို အနိုင်ယူဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။” လို့ Morningstarမှ ခွဲခြမ်းစိတ်ဖြာသူ Brian Colelloက ရေးသားထားပါတယ်။

Blackberryက Apple-IBMပူးပေါင်းမှုအပေါ် တုန့်ပြန်ချက်က “ Blackberryက နှစ်ပေါင်းများစွာ ၀န်ဆောင်မှုပေးလာတဲ့ လုံခြုံတဲ့ စီးပွားရေးလုပ်ငန်း မိုဘိုင်း နည်းလမ်းများကိုပဲ အာရုံစိုက်ထားပါတယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့ Blackberry အမြဲတမ်း၀န်ဆောင်မှုပေးနေတဲ့ လုံခြုံရေး အကျိုးအမြတ်တွေမရှိတဲ့ စားသုံးသူနည်းပညာ အပေါ် အခြေခံတည်ဆောက်ထားတဲ့ နည်းလမ်းများအပေါ် မှီခိုသင့်သလားဆိုတာ နှစ်ခါပြန်စဉ်းစားသင့်ပါတယ်။”

အဲဒီအချိန်မှာ Appleရဲ့ ရှယ်ယာတွေက တစ်ရာခိုင်နှုန်းတက်လာပြီး IBM ရှယ်ယာတွေက ၂ ရာခိုင်နှုန်း တက်လာပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *