News

Telenor၏ မိုဘိုင်းအင်တာနက်ဖြင့် Wikipedia ကို အခမဲ့သုံးစွဲနိုင်မည့် ဝန်ဆောင်မှုရရှိမည်

Telenor၏ မိုဘိုင်းအင်တာနက်ဖြင့် Wikipedia ကို အခမဲ့သုံးစွဲနိုင်မည့် ဝန်ဆောင်မှုရရှိမည်

Wikipedia စွယ်စုံကျမ်း ဝက်ဘ်ဆိုက်ကို Telenor Myanmar ကုမ္ပဏီ၏ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုပေါ်မှ အသုံးပြုမည် ဆိုပါက အခမဲ့အသုံးပြုခွင့် ရရှိမည်ဟုအဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

မြန်မာအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသည့် နော်ဝေဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့၏မိုဘိုင်း Sim Card များနှင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကို သုံးစွဲသူများပြားစေရေးအတွက် ထိုကဲ့သို့သော ဝန်ဆောင်မှုများကို အများပြည်သူသို့ အခမဲ့ပေးခြင်းဖြင့် ဈေးကွက်မြှင့်တင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းအတွက် သတင်းအချက်အလက်များနှင့် ပြည်တွင်း၊ ပြည်ပဗဟုသုတ အကြောင်းအရာများကို Wikimedia Foundation နှင့် Wikipedia ဝဘ်ဆိုက်တို့မှတစ်ဆင့် အခမဲ့ဝေမျှပြီး မြန်မာနိုင်ငံမှ သုံးစွဲသူများ ကျယ်ပြန့်လာစေရန်အတွက် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် Telenor Myanmar၏ အခြားရည်ရွယ်ချက်မှာ ၎င်းတို့၏ မိုဘိုင်းဖုန်းများမှတစ်ဆင့် Wikipedia အွန်လိုင်းစွယ်စုံကျမ်းကို အသုံးမပြုမီ အဆိုပါ ဝက်ဘ်ဆိုက်ပေါ်တွင် မြန်မာစာဖြင့် ရေးသားထားသော အကြောင်းအရာများ ပိုမိုများပြားလာစေရန်အတွက်လည်း လုပ်ဆောင်သွားမည်ဟု သိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *