News

ဖောက်ထွင်းမြင်ရတဲ့ iPhone လာမည်

စမတ်ဖုန်းအသုံးပြုသူများ ရဲ့ (၁၂) ရာခိုင်နှုန်းဟာ လမ်းလျှောက်ရင်း စာရိုက်ကြတယ်လို့ သိရပါတယ်။ လမ်းလျှောက်ရင်း စာရိုက်တဲ့အခါမှာ အန္တရာယ်တွေ ဖြစ်ပွားမှုများပြားလာတဲ့ သတင်းတွေ အင်တာနက် မှာ ကြားသိရပါတယ်။ Apple က iPhone အသုံးပြုပြီး လမ်းလျှောက်ရင်း စာရိုက်တဲ့အခါမှာ ရှေ့က အရာတွေကို ဖုန်းမျက်နှာပြင်မှာ မြင်တွေ့နိုင်တဲ့ ဖောက်ထွင်းမြင်ရတဲ့ “Transparent Texting” နည်းပညာ နဲ့ ပတ်သက်တဲ့ Patent ကို အမေရိကန် Patent and Trademark ရုံးမှာ ကြာသာပတေးနေ့ က မှတ်ပုံတင်လိုက်ပါတယ်။

iPhone ရဲ့ Message App မှာ စာရိုက်နေစဉ်မှာ အနောက်ကင်မရာကနေ ရှေ့မှာ ဖြစ်ပျက်နေတာကို ရိုက်ကူးပေးမှာ ဖြစ်ပြီး ဖုန်းမျက်နှာပြင်မှာ ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက် ကို အဖွင့်၊ အပိတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Message App အပြင် အခြား Apps များမှာပါ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Apple က အဲဒီနည်းပညာ ကို အခုမှ စလုပ်တာဖြစ်ပေမယ့် အဲဒီစွမ်းဆောင်ချက် ကို ပြုလုပ်ပေးနိုင်တဲ့ iOS နဲ့ Android Apps များ ထွက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ Type n Walk (iOS) နဲ့ Walk N Text (Android) တို့က အဲဒီလို စွမ်းဆောင်ပေးနိုင်ပါတယ်။

အဲဒီ Apps တွေနဲ့ Patent တွေဟာ လမ်းလျှောက်ရင်း စာရိုက်တဲ့ သူတွေအဖို့ ကောင်းမွန်ပေမယ့် အန္တရာယ်များဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Walk N Text က သူ့ရဲ့ App ဟာ လမ်းလျှောက်ရင်း စာရိုက်ဖို့ပြုလုပ်ပေးထားတာဖြစ်ပြီး ကားမောင်းနေစဉ်မှာ အသုံးမပြုဖို့ သတိပေးထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *