Gadgets, Review

Googleက Android TVဟု အမည်ပေးထားတဲ့ Set-Top Boxကို ကြေညာ

Googleက Android TVဟု အမည်ပေးထားတဲ့ Set-Top Boxကို ကြေညာ

Googleက Android TVဟု အမည်ပေးထားတဲ့ Set-Top Boxကို ကြေညာလိုက်ပြီး Set-Top Boxလောကသို့ တစ်ကျော့ပြန် ၀င်ရောက်လာပါတယ်။ Android TVဟာ Apple TVနဲ့ Rokuတို့လို အင်တာနက်မှ မီဒီယာများကို တီဗီမှာ ကြည့်ရှုနိုင်မှာပါ။

Android TVဟာ တီဗီမှာ စမတ်ဖုန်းကို ကြည့်ရှုရသလို ခံစားရစေမယ်လို့ ဆိုပါတယ်။ နောက်ပြီး Apple TV, Rokuတို့နဲ့ မတူတဲ့အချက်က Android TVဟာ မီဒီယာများကို အကြံပြုပြသပေးနိုင်တာဖြစ်ပြီး User Interfaceက ထူးခြားပါတယ်။ Interface တစ်နည်းအားဖြင့် တီဗီကို Game Controller, Remote, Appများမှ ထိန်းချုပ်နိုင်ပါတယ်။ Android Wear စမတ်နာရီမှတောင် ထိန်းချုပ်နိုင်ပါတယ်။

Interfaceကို ကဒ်များနဲ့ ပြသပေးထားပြီး Scrollပြုလုပ်ကြည့်ရှုနိုင်ပါတယ်။ ကဒ်တွေကို Movies, Show, Games, Appsစသဖြင့် ကဏ္ဍများခွဲခြားထားပါတယ်။ ကဒ်တွေဟာ ရုပ်ရှင်ပိုစတာအသေးလေးတွေနဲ့ ဆင်တူပါတယ်။ Android TVမှာ Netflix, Hulu, Pandoraတို့အပါအ၀င် Googleရဲ့ YouTube, Hangouts, Play Moviesတို့ပါရှိပါတယ်။ Android TVအတွက် App Storeကို ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

အရင်ထုတ်လုပ်ခဲ့တဲ့ Google TVလိုပဲ Android TVကို အသံဖြင့် ထိန်းချုပ်နိုင်မှာပါ။ Google Searchပါရှိပြီး မီဒီယာနဲ့ သတင်းအချက်အလက်များကို လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။

Android TVမှာ ဂိမ်းတွေလည်း ဆော့နိုင်မှာပါတဲ့။ ဂိမ်းတွေကို တီဗီမှာ ပြသပေးမှာဖြစ်ပြီး Android Tabletကို Controllerအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Android TVဟာ Google Castကို အပြည့်အ၀ အထောက်အပံ့ပေးတဲ့အတွက် Chromecastလိုမျိုးအသုံးပြုနိုင်ပါတယ်။ Google Castပိုမိုကောင်းလာတာနဲ့ Android TVကလည်း ပိုမိုကောင်းလာမှာပါ။ ဥပမာအားဖြင့် စွမ်းဆောင်ချက်အသစ်တစ်ခုဖြစ်တဲ့ Android Deviceတွေကနေ Chromecast or Android TVဆီသို့ မီဒီယာများ ထုတ်လွှင့်ပေးဖို့အတွက် Android Deviceတွေဟာ တူညီတဲ့ ဝိုင်ဖိုင်နက်၀ပ်ထဲမှာ ရှိစရာမလိုတော့ပါဘူး။ နောက်ပြီး Android Deviceမှာ မြင်တွေ့တာမှန်သမျှကို တီဗီမှာ မြင်တွေ့နိုင်တဲ့ Cast စွမ်းဆောင်ချက်လည်း ပါရှိလာပါတယ်။

Google Castမှာ နောက်ထပ်ပါလာတဲ့ စွမ်းဆောင်ချက်က Backdropဖြစ်ပြီး ဓါတ်ပုံများ၊ ရာသီဥတု သတင်းအချက်အလက်များကို တီဗီမှာ ကြည့်နိုင်တာဖြစ်ပါတယ်။

Sonyရဲ့ 4K TVအားလုံးနဲ့ Phillips TVများမှာ Android TVကို အသုံးပြုနိုင်ပါတယ်။ Razerနဲ့ Asusတို့ရဲ့ Set-Top Boxများကို မကြာမီရောင်းချတော့မှာဖြစ်တယ်လို့ သိရတဲ့အတွက် Set-Top Boxပြိုင်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်လာမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *