Gadgets

ရှားပါးလှပတဲ့ iPhone Dockများ

ဒီတစ်ခါမှာတော့ မြန်မာအိုင်စီတီ ပရိသတ်တွေထဲက iPhoneကိုင်တဲ့ Apple Fanတွေ အတွက် အစီအစဉ်လေး တစ်ခု တင်ဆက်ပေးလိုက် ပါတယ်။ ဒါကတော့ iPhoneအတွက် Dock Standလေးတွေပဲ ဖြစ်ပြီး ပုံမှန်Shopping Mallတွေမှာ မရှိတဲ့ပုံစံမျိုးတွေပါ။ Etsyလို့ ခေါ်တဲ့ အွန်လိုင်း E-Commerce၀က်ဘ်ဆိုဒ်မှာ တင်ထားတဲ့ Phone Standတွေ ဖြစ်ပါတယ်။ ပုံမှန် Standတွေထဲကနေ ကွဲထွက်နေတဲ့ ပုံစံများ ဖြစ်ပြီး မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ ဒီဇိုင်းစုံ တင်ဆက်ပေးထား ပါတယ်။ ဒါကြောင့် ဒီထဲမှာ သင်နှစ်သက်တဲ့ iPhone Dockတစ်ခုခု ပါရင် Commentပေးခဲ့ ပါဦး။

၁။ ပုံမှာပြထားတဲ့ အတိုင်း မြက်ခင်းလေးတွေနဲ့ ဖန်တီးထားတဲ့ Dockဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၅၄ဒေါ်လာလို့ သတ်မှတ်ထားပါတယ်။

၂။ နောက်တစ်ခုက “Concrete iPhone 5 Dock”ဖြစ်ပါတယ်။ ရိုးရှင်းပြီး ခိုင်မာတဲ့ ပုံစံနှစ်သက်တဲ့ လူတွေ အတွက်ပါ။ ၃၄ဒေါ်လာ ဖြစ်ပါတယ်။

၃။ “Washi Paper Phone Stand”ဆိုတာလေးကတော့ ဈေးနှုန်း ၁၅ဒေါ်လာနဲ့ ဂျပန်Washiစက္ကူ ဒီဇိုင်းပုံ ဖန်တီးထားတဲ့ ပေါ့ပါးလှပတဲ့ Standတစ်ခုပါ။

၄။ “Functional Art”လို့ ဖော်ပြခြင်း ခံရပြီး ပုံမှာပြထားတဲ့ အတိုင်း အဆန်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်း ၁၅ဒေါ်လာသာ ရှိပါတယ်။

၅။ နောက်တစ်ခုကလည်း ဒေါ်လာ၄၀တန် “BloomBox iPhone Charging Docking Planter”ဖြစ်ပြီး လှပတဲ့ Standတစ်ခုဖြစ်ပါတယ်။

၆။ ဒါကတော့ ဒေါ်လာ ၄၀တန် “Decoupage iPhone Dock”ပါ။

၇။ ပုံမှန်ကနေ ကွဲထွက်နေတဲ့ ဒီဇိုင်းမျိုးနဲ့ ၂၉ဒေါ်လာ သတ်မှတ်ထားတဲ့ “Oak iPhone 5 Charging Station”ဖြစ်ပါတယ်။

၈။ ၁၅ဒေါ်လာတန် အခရိုင်းလစ် iPhone Dockပါ။ Transparentပုံစံ ဖန်တီးထားပြီး Circuit Boardဒီဇိုင်းမျိုးလည်း ဖြစ်ပါတယ်။

၉။ သစ်သားတုံးပုံစံနဲ့ ဖန်တီးထားပြီး မဟော်ဂနီအသားနဲ့ ထွင်းထုထားတာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၀သာ သတ်မှတ်ထားပါတယ်။

၁၀။ နောက်ဆုံးတစ်ခုကတော့ ၅ဒေါ်လာသာ သတ်မှတ်ထားတဲ့ iPhone Shoes Standတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေက ဘယ်လောက် Stableဖြစ်လဲ ဆိုတာ မသေချာပေမယ့် ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေကြောင့် သင့်ကိုပြုံးပြီး နှစ်လိုဖွယ်ဖြစ်စေမှာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *