Mobile

HUAWEI C8813D (GSM/CDMA)

huawei-C8813D

Huaweiရဲ့ C8813Dမော်ဒယ်ကတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ GSM/CDMA နှစ်မျိုးသုံး ဟန်းဆက်ဖြစ်တဲ့ အတွက် ဈေးကွက်မှာ လူကြိုက်များ နေတာ တွေ့ရပါတယ်။ တကယ်လို့ အသုံးတည့်မယ်ဆိုရင် WCDMA စနစ်မှာ တောင်မှ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Operating System
အသုံးပြုထားတဲ့ CPUက Dual Core အမျိုးအစား Qualcomm MSM8625 ဖြစ်ပြီးတော့ မြန်နှုန်းက 1.2 MHzရှိမှာ ဖြစ်ကာ OSကိုတော့ Android 4.1 သုံးထားပြီး RAMက 1 GB ဖြစ်ပါတယ်။

Display
Capacitive Touch Screen ဖြစ်ပြီးတော့ Dislpay Screen အရွယ် အစားက ၄.၅ လက်မ ဖြစ်တာကြောင့် မြင်ကွင်းကျယ် ရုပ်သံ ကြည့်ရှုမှု တွေကို အကောင်းဆုံး လုပ်ဆောင် ပေးမှာ ဖြစ်ပြီးတော့ အင်တာနက်သုံးစွဲမှု တွေမှာလည်း အဆင်ပြေစေပါလိမ့်မယ်။ ဒါ့အပြင် စုစုပေါင်း ပြသပေးနိုင်မယ့် အရောင်ပေါင်းက ၁၆ သန်း ဖြစ်တာကြောင့် ရုပ်ထွက် အကောင်းဆုံးကို ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။ Display Resolutionက 854×480 Pixels ဖြစ်တဲ့အတွက် Pixel အပိုင်းမှာတော့ လိုအပ်ချက် အနည်းငယ် ရှိမှာပါ။

Camera

ကင်မရာကိုတော့ 5 MP စွမ်းအားရှိတဲ့ ကင်မရာကို တပ်ဆင်ထားတာ ကြောင့် မှတ်တမ်းတင် ရိုက်ကူးရေးတွေ အတွက်တော့ အဆင်ပြေစေမှာပါ။ ဒါ့အပြင် 0.3MPရှိတဲ့ Front Cameraလည်း ပါ၀င်တဲ့အတွက် Chattingတွေမှာ အသုံးပြုရ လွယ်ကူမှာပါ။ ကင်မရာတွေရဲ့ အားသာချက်တွေက Auto Focusနဲ့ Face Recoginition စနစ်တွေ ပါ၀င်တာ ဖြစ်ပါတယ်။ ရိုက်ကူး ကြည့်ရှု နိုင်မယ့် ပုံရိပ်အမျိုးအစားတွေက JPEG, PNG, GIF, BMPနဲ့ Format တော်တော်များများကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။

Power

Batteryကို Lithium-ionအမျိုးအစားကို တပ်ဆင်ပေးထားပြီး 1700 mAh ပမာဏကို သိုလှောင်ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Featureတွေက GPSစနစ်၊ Email, FM Radio, MP 3, QWERTY Keyboard, Video Player, Gravity Response, TV Receiveနဲ့ Messageတွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Other Feratures

Internal Memoryအဖြစ်နဲ့ 4GBပါ၀င်မှာ ဖြစ်ပြီး Expandedလုပ်ချင်သူတွေ အတွက် 32 GBအထိ တိုးမြှင့်သုံးစွဲနိုင်ဦးမှာ ဖြစ်ပါတယ်။ အဓိက အနေနဲ့ Englishဘာသာ စကားနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး အခြားဘာသာစကားတွေကို လည်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Connectionအပိုင်း အတွက် တော့ USB 2.0 Portပါ၀င်မှာ ဖြစ်တာကြောင့် ကွန်ပျူတာတွေနဲ့ ချိတ်ဆက် အသုံးပြုဖို့ လွယ်ကူမှာပါ။ ဒါ့အပြင် Bluetoothနဲ့ Wifiတွေပါ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Wireless Connection ကိုပါ အကောင်းဆုံး အသုံးပြုနိုင်မှာပါ။ သီချင်းတွေ နားထောင်ဖို့ အတွက်တော့ ၃.၅ မီလီမီတာ ရှိတဲ့ Jackနဲ့ ချိတ်ဆက် နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ၁၄၅,၀၀၀ကျပ် ဖြစ်ပြီးတော့ ဖုန်း ၀၁-၃၈၅ ၀၇၇ (KMD Mobile)မှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: www.aliexpress.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

One thought on “HUAWEI C8813D (GSM/CDMA)

  1. ei hnin phyo says:

    ကောင်းပါတယ် ဈေးလည်းအဆင်ပြေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *