iPhone 6 နဲ့ ပတ်သက်ပြီးတော့ သတင်းတွေထွက်ပေါ်ခဲ့တာကြာပြီ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိတဲ့သတင်းများအရ iPhone 6 မှာ ပိုမိုကောင်းမွန်တဲ့ ကင်မရာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ တရုတ် Website IT168 က iPhone 6 မှာ 10-megapixel ကင်မရာ တပ်ဆင်ထားမယ်လို့ သတင်းပေးပို့ပါတယ်။
အရင်ထွက်ပေါ်ခဲ့သော သတင်းတွေအရ Apple က iPhone5 မှာ အသုံးပြုထားတဲ့ 8-megapixel ကိုပဲ iPhone6 မှာ အသုံးပြု မယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက ကင်မရာနည်းပညာတွေကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်လာတာဖြစ်တဲ့ အတွက် အခုထွက်ပေါ်နေတဲ့သတင်းဟာ အမှန်ဖြစ်လာနိုင်ပါတယ်။
အရင်ထွက်ပေါ်ခဲ့သော သတင်းတွေအရ iPhone6 မှာ ၄.၇ လက်မ Display တပ်ဆင်ထားပြီး (1136×640) Resolution ပါရှိပါတယ်။