iPhone 6 မှာ ရာသီဥတု ကို တိုင်းတာနိုင်သည့် Sensor ပါရှိမယ်လို့ ခွဲခြမ်းစိတ်ဖြာသူ Sun Changxu က ပြောပါတယ်။ ဒီနှစ်ထဲမှာ ရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ iPhone 6 မှာ အပူချိန် ၊ လေဖိအား၊ ရေငွေ့စိုထိုင်းမှု ကို တိုင်းတာပေးနိုင်တဲ့ Barometer တပ်ဆင်ထားမယ်လို့ သိရပါတယ်။
သတင်းသာမှန်မယ်ဆိုရင် Apple က တစ်နှစ်အကြာက ရောင်းချခဲ့ပြီး ရာသီဥတု တိုင်းတာတဲ့ Sensor ထည့်သွင်းထားတဲ့ Samsung Galaxy S4 ကို ယှဉ်ပြိုင်တာ ဖြစ်နိုင်ပါတယ်။ လက်ရှိ iPhone ကိုင်ဆောင်သူများ က Siri ကို အသုံးပြုပြီး အပူချိန် နဲ့ ရေငွေ့စိုထိုင်းမှုများ ကို မေးမြန်းနိုင်ပါတယ်။ ဒါပေမယ့် Apple ရဲ့ ကိုယ်ရေးလက်ထောက် က ပြင်ပ သတင်းအချက်အလက်များ ကို မှီခိုပြီး ဖြေကြားမှာဖြစ်ပါတယ်။
Changxu က Apple ဟာ iPhone 6 ကို အရွယ်နှစ်မျိုးထုတ်လုပ်မှာဖြစ်ပါတယ် လို့ ပြီးခဲ့တဲ့လ က ပြောခဲ့ဖူးပါတယ်။ ၄.၇ လက်မ အမျိုးအစား ကို ဇွန်လမှာ ထုတ်ဖော်ကြေညာမှာဖြစ်ပါတယ်။ ၅.၇ လက်မအမျိုးအစား ကို တော့ ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ဖော်ပြသမယ်လို့ ပြောပါတယ်။ အခြား သတင်းများ အရ Apple က iPhone 6 မှာ ကိုင်ဆောင်သူရဲ့ ကိုယ်အပူချိန် နဲ့ အခြား ကိုယ်လက်လှုပ်ရှားမှုများ ကို တိုင်းတာပေးနိုင်တဲ့ Sensors များ ထည့်သွင်းမယ်လို့ ပြောပါတယ်။ အဲဒီစွမ်းဆောင်ချက်တွေကို iWatch မှာ ထည့်သွင်းကောင်းထည့်သွင်းနိုင်တယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။
Apple က iPhone 5S နဲ့ iPhone 5C တို့ရဲ့ မျိုးဆက်နဲ့ ပတ်သက်ပြီး တရား၀င်ကြေညာခြင်းမရှိသေးပါဘူး။ Designer တွေက Apple ရဲ့ iPhone 6 ကို ခန့်မှန်း ဒီဇိုင်းရေးဆွဲနေကြပြီး ဒီဇိုင်နာ တစ်ယောက် ရဲ့ အလွန်လှပတဲ့ iPhone 6 ကို ဒီဆောင်းပါး မှာ လေ့လာနိုင်ပါတယ်။