Featured, Mobile, News, Review

ကြီးကျယ်ခမ်းနားလှတဲ့ Apple ရဲ့ Gadgets များ

ALEX WASHBURN/WIRED

ယနေ့မှာတော့ Apple က ကယ်လီဖိုးနီးယားပြည်နယ်က ကူပါတီနိုမှာ ပြိုင်ဘက် နည်းပညာ ကုမ္ပဏီများကို စိုးရိမ်ဖွယ် လှိုင်းဂယက်ထစေမည့် သူ့ရဲ့ ပစ္စည်းအသစ် iPhone 6 ရဲ့ဒီဇိုင်းကို ပွဲထုတ်လာခဲ့ပါတယ်။ များစွာသော မီဒီယာအသိုင်းအဝိုင်းကလည်း apple store ရှေ့မှာ ကြိုတင်စောင့်မျှော်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Apple က ထုတ်နေကျ ဒီဇိုင်းထက် ကြီးမားသောမျက်နှာပြင် ပါရှိတဲ့ iPhones နှစ်မျိုးကို ပွဲထုတ်ခဲ့ပါတယ်။ ပြီးတော့ မိုဘိုင်း ပေးချေမှု ဖီးချားတွေ၊ ပြီးတော့ လက်ဖြင့်ထိတွေ့စေခိုင်းနိုင်သော touch မျက်နှာပြင်ပါ လက်ကောက်ဝတ်နာရီ iWatch or iTime ကိုလည်း ပွဲထုတ်ခဲ့ပါတယ်။ ပွဲထုတ်ခဲ့တဲ့အချိန်မှာ ထူထပ်များပြားလှသော အိုင်ပရိတ်သတ်ကလည်း store ရှေ့မှာ လက်ခုတ်တီးပြီး ချီးမွှမ်းခဲ့ကြပါတယ်။ သူတို့ရဲ့ အိုင်ဖုန်းအသစ်ကို Apple က သူ့ရဲ့ဝန်ထမ်းတွေနဲ့ သေချာစွာ သူ့ရဲ့များပြားလှသော ပရိတ်သတ်တွေကို အခမ်းနားဆုံး အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ဖျော်ဖြေမှုတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေ စသည့် ထောက်ပံ့မှုတွေပါ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ Apple ရဲ့ ကြီးကျယ်ခမ်းနားလှသော အထောက်အပံ့တွေကို မမြင်နိုင်ပေမယ့်လည်း ဒီကနေ့ပွဲမှာ ချပြခဲ့တဲ့ထဲက အရေးပါတဲ့အကြောင်းအရာများကို ဖော်ပြပေးပါမယ်။

The New iPhones: iPhone 6 and iPhone 6 Plus

စိတ်လှုပ်ရှားဖွယ် မိတ်ဆက်ပေးတဲ့ ဗီဒီယိုကို ကြည့်ပြီးနောက်မှာတော့ Apple ရဲ့ စီနီယာ အမှုဆောင် ဖီးလ် စခီလာက ဒီကနေ့မှာ အိုင်ဖုန်းမော်ဒယ်အသစ် နှစ်ခုဖြစ်တဲ့ iPhone 6  နဲ့ iPhone 6 Plus ကို မိတ်ဆက်ခဲ့ပါတယ်။ နှစ်မျိုးစလုံးဟာ စတိုင်ကတူညီပြီး ချေမွေ့တဲ့ အလူမီနီယမ်မျက်နှာပြင်လည်း ပါရှိပါတယ်။ ကြည့်ရတာတော့ အိုင်ပက်ဒ် အသေးစား ဒီဇိုင်းပုံစံဖြစ်ပါတယ်။ iPhone 6 မှာ ၄.၇ လက်မကျယ်တဲ့ မျက်နှာပြင်ပါရှိပြီး resolution pixel ကတော့ 1334×750 ပါရှိပါတယ်။ iPhone 6 Plus မှာတော့ ၅.၅ လက်မကျယ်တဲ့ မျက်နှာပြင်နဲ့ display resolution HD 1920×1080 ထိ ရနိုင်သော pixel ပါရှိပါတယ်။ မော်ဒယ်နှစ်ခုစလုံးက အရွယ်အစားသာ အနည်းငယ်ကွာပြီး တခြားအချက်တွေကတော့ တူတူပဲဖြစ်ပါတယ်။ အနောက်ဘက်အဖုံးမှာတော့ 8 megapixel ပါရှိတဲ့ ကင်မရာပါရှိပြီး f/2.2 aperture ပါရှိပါတယ်။ ဒါလေးက အလိုအလျောက် sensor လေးဖြစ်ပြီး ကင်မရာရိုက်တဲ့ အချိန်မှာ autofocus လုပ်ပေးမှာဖြစ်ပါတယ်။ iPhone 6 မှာတော့ ဒီဂျစ်တယ်ပုံ အရည်အသွေးပါဝင်ပြီး iPhone 6 Plus မှာတော့ အလင်းချိန်တဲ့ အပိုပစ္စည်းလေးပါရှိပြီး gyroscope အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ M8 coprocessor ကလည်း တုန်ခါမှုတွေကို အလိုအလျောက် ဖယ်ထားပေးမှာ ဖြစ်ပါတယ်။ ရှေ့ဘက် ကင်မရာကတော့ HDR နဲ့ burst-shot mode စတဲ့ ဖီးချားအသစ်တွေ ပါဝင်လာပါတယ်။

ALEX WASHBURN/WIRED

ALEX WASHBURN/WIRED

အတွင်းပိုင်းမှာတော့ A8 processor က အရင်သုံးနေကျ processor တွေထက် ၈၇ ရာခိုင်နှုန်း မြှင့်ပါတယ်။ CPU ရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ကလည်း ၂၅ ရာခိုင်နှုန်းပိုမို လျင်မြန်ပြီး GPC အမြန်နှုန်းကလည်း iPhone 5s A7 chip ထက်စာရင် ၅၀ ရာခိုင်နှုန်းလောက်ကို ပိုမြန်ပါတယ်။ M8 processor က ကင်မရာမှာ  ဓါတ်ပုံရိုက်တဲ့ အချိန်မှာ သင်လမ်းလျှောက်နေတာ၊ ပြေးနေတာ ဒါမှမဟုတ် စက်ဘီးစီးနေတာ စတာတွေကိုပါ အတိအကျ ပြောနိုင်ပါတယ်။ ပြီးတော့ သင် ဟိုးအမြင့်မိုးမျှော်အထပ်တွေကို တက်ရင်တောင် လေဖိအားကို barometer လိုမျိုး သူက အလိုအလျောက် detect သိစေမှာဖြစ်ပါတယ်။ ပစ္စည်းနှစ်ခုလုံးကတော့ Touch ID home buttons ရယ် NFC ဖီးချားတွေပါရှိပါတယ်။ iPhone 6 ကို သောကြာနေ့မှာ sale order တွေလက်ခံမှာ ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ ရောင်းမှာဖြစ်ပါတယ်။ 16 GB အတွက်ကို ဒေါ်လာ ၂၀၀၊ 64 GB အတွက်ကို ဒေါ်လာ ၃၀၀ ဖြစ်ပြီး 128 GB အတွက်ကိုတော့ ဒေါ်လာ ၄၀၀ ကျမှာဖြစ်ပါတယ်။ iPhone 6 Plus ကတော့ ၁၀၀ ဒေါ်လာစီ ပိုမှာ ဖြစ်ပါတယ်။ ဒီစျေးနှုန်းတွေကတော့ အမေရိကန်က Apple store မှာ ရောင်းချမည့်စျေးနှုန်းတွေဖြစ်ပါတယ်။ စာဖတ်သူတွေ သိတဲ့အတိုင်း မြန်မာပြည်ထဲရောက်ရင်တော့ စျေးအတော် ကွာသွားပါလိမ့်မည်။ Singapore မှာတောင် iPhone 6  16 GB ကို စင်ကာပူဒေါ်လာ ၉၈၈၊ 64 GB ကို S$1,148 (= iPhone 6 Plus 16 GB ) ဖြစ်ပြီး 128 GB ကိုတော့ S$1,288 (= iPhone 6 Plus 64 GB) ကျမှာဖြစ်ပါတယ်။

ApplePay, Apple’s Mobile Payment Initiative

တကယ်တော့ ပေးချေမှုစနစ်ဆိုတာဟာ တကယ့် စီးပွားရေး လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ နေ့တိုင်း လူတွေဟာ credit ကဒ်နဲ့ debit ကဒ်တွေကြားမှာ လည်ပတ်နေတယ်။ အမေရိကန်မှာပြည် တစ်ခုလုံးမှာ စစ်တမ်းတွေအရတော့ တစ်နေ့ကို ပိုက်ဆံလည်ပတ်မှု သုံးစွဲတဲ့ ပမာဏဟာ ၁၂ ဘီလီယံ ဒေါ်လာ ရှိပါတယ်။ အဲဒီထဲမှာ cash တွေ၊ bank တွေ၊ credit တွေနဲ့ debit ကဒ်တွေအားလုံး ပါဝင်ပါတယ်။ အရမ်းကြီးမားလှတဲ့ ဒစ်ဂျစ်တယ် ပေးချေမှု စနစ်ကြီး ဖြစ်ပါတယ်။ အမေရိကန်က ပေးချမှု စနစ်ကြီးတွေကတော့ American Express, MasterCard, Visa ကဒ်နဲ့ အခု အသစ်ထွက်လာတဲ့ ApplePay စနစ်တို့ဖြစ်ပါတယ်။ ApplePay စနစ်ကို အကျွမ်းတဝင်ဖြစ်တဲ့ Walgreens, Whole Foods, Macy’s, and Target စတဲ့ နေရာတွေအပါအဝင် ကုန်သည်ပေါင်း 220,000 ကျော်ကို တပြိုင်နက်တည်း သုံးစွဲနိုင်အောင် ဒီဇိုင်းစွဲထားခြင်း ဖြစ်ပါတယ်။

ကြီးကျယ်ခမ်းနားလှတဲ့ Apple ရဲ့ Gadgets များ

NFC စနစ်ကို အသုံးပြုပြီး ကိုယ့်ရဲ့အိုင်ဖုန်းကို tap လုပ်ရုံနဲ့ ကိုယ်ဝယ်တဲ့အရာတွေအတွက်ကို ပေးချေမှု လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကအရမ်းလွယ်ကူတဲ့ ပေးချေမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလွယ်လွယ် ပေးချေနိုင်ဖို့ကို နောက်ကွယ်က အရမ်းကို ရှုပ်ထွေးကြီးမားတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ထားပါတယ်။ ဒါဟာ NFC နဲ့ ပေါင်းစည်းမှုကြောင့် ပိုမိုလွယ်ကူတာဖြစ်ပြီး Touch ID နဲ့ လုံခြုံစိတ်ချရတဲ့ Apple chip တို့လိုအပ်ပါတယ်။ သင့်အနေနဲ့ card တစ်ခုကို ဓါတ်ပုံရိုက်ပြီးချင်း bank ကနေ verification တောင်းနိုင်ပါတယ်။ ပေးချေမှု လုပ်ဆောင်နေချိန် အတောအတွင်းမှာ မှန်ကန်တဲ့ device no နဲ့ အမှန်တကယ် credit card ရဲ့အချက်အလက်တွေကို စစ်ဆေးပါတယ်။ ပြီးရင် ပေးချေရမည့် ကုန်သည်ဆီကို အလိုအလျောက် လျှို့ဝှက်ကုဒ်ကို လှမ်းပို့ပါတယ်။ Apple က သင့်ရဲ့ ဒယ်တာတွေကို ယူမထားပဲနဲ့ သင်ဝယ်ယူသမျှ အရာရာဟာ သင်နဲ့ ကုန်သည်ကြားက ပေးချေမှု ဖြစ်အောင်ကို ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ဖုန်း မတော်တဆ ပျောက်သွားခဲ့ရင်တောင် Apple’s standard-issue  Find My Friends app နဲ့ ပေးချေမှုကို သင့်ရဲ့ credit card ကို cancel မလုပ်ပဲနဲ့ suspend (ရပ်ဆိုင်း) နိုင်ပါတယ်။ ဒီနည်းပညာကို လာမည့် အောက်တိုဘာမှာ ဖြန့်မည့်  update iOS 8 မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Apple’s Wearable: The Apple Watch

ယနေ့ကျင်းပခဲ့တဲ့ ပွဲမှာ အဓိက မေးခွန်းတွေလည်း ရှိပါသေးတယ်။ Apple က အမှန်တကယ်ပဲ ဝတ်ဆင်နိုင်တဲ့ ကွန်ပျူတာ ပစ္စည်းကို ရှည်ကြာစွာ ဝတ်ဆင်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်။ ကုမ္ပဏီကတော့ ဒီမေးခွန်းအပေါ်ကို သိပ်ပြီးတော့ မကျေနပ်ပါဘူး။ အမှန်တကယ်ဆို Apple Watch ဟာ ဒီပွဲကိုတောင် ရောက်နေပြီပဲ။ ပရိတ်သတ်ရဲ့လက်ခုပ်သံတွေ အပြီးမှာ Cook က “Apple watch ဟာ သူတို့ဖန်တီးမှုတွေထဲက လူအတွက် အသုံးဝင်ဆုံး ပစ္စည်းလို့” ပြောခဲ့ပါတယ်။ Apple’s CEO က “ဒါဟာ သင့်ရဲ့ လက်ကောက်ဝတ်ရဲ့ တုန့်ပြန်မှုကို ဆက်သွယ်ပေးပြီး ချိတ်ဆက်နိုင်မယ့် ပစ္စည်းအသစ်တစ်ခု ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ timepiece ဆိုတဲ့ဖီးချားကလည်း အလွန်တိကျပြီး plus or minus ၅၀ မီလီစက္ကန့်အထိကို အတိအကျ ဖော်ပြပေးနိုင်ပါတယ်။ ဒါဟာ နည်းပညာအရတော့ သိပ်အထင်ကြီးစရာ မရှိသေးပါဘူး။ ဒါပေမယ့် တော်တော်တော့ ဟန်ကျပါတယ်။ မျက်နှာပြင်နဲ့ မတူညီတဲ့ ဒီဇိုင်းအမျိုးမျိုးကလည်း သင့်ရဲ့စတိုင်ကို ပိုမိုတောက်ပြောင်စေမှာပါ။

ကြီးကျယ်ခမ်းနားလှတဲ့ Apple ရဲ့ Gadgets များ

နာရီရဲ့မျက်နှာပြင်က တော်တော်လေး ရိုးရှင်းပြီး သမရိုးကျ နာရီပုံစံလိုပါပဲ ဒါပေမယ့် Apple call ဖီးချားကနေ dial  လုပ်နိုင်ပြီး digital crown ဆိုတဲ့ ဖီးချားလေးက digital data အဖြစ်ကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ မျက်နှာပြင် display က sapphire အပြားလေးဖြစ်ပြီး အတွင်းပိုင်းမှာ လျှပ်စစ်ကို ကာကွယ်တဲ့ အဖုံးချစ်စ်ပြားလေးကို ဒီဇိုင်းချထားပါတယ်။ နောက်ဘက်မှာတော့ LEDs လေးတွေပါတဲ့ sapphire မှန်ဘီဘူး လေးခုပါရှိပြီး ဓါတ်ပုံ sensors တွေကလည်း သင့်နှလုံးသားရဲ့ နှလုံးခုံသံတွေကို အလိုအလျောက် record လုပ်ပေးမှာ ဖြစ်ပါတယ်။ Apple Watch ကဒီဇိုင်း သုံးမျိုးနဲ့ ထွက်တာဖြစ်ပြီး Apple Watch, Watch Sport နဲ့ Watch Edition တို့ဖြစ်ကြပါတယ်။ Apple Watch ကတော့ ပုံမှန်ဖြစ်ပြီး Watch Sport က ပိုမို ကြာရှည်ခံပါတယ်။ Watch Edition ကိုတော့ ရွှေရောင်နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။

Apple Watch မှာ တခြား apps တွေလည်း အများကြီးပါပါသေးတယ်။ မြေပုံတွေ၊ တခြား apps တွေဆီက notification တွေ၊ များစွာသော တခြား watch faces တွေလည်း ပါဝင်ပါတယ်။ Third-party အပလီကေးရှင်းတွေဖြစ်တဲ့ American Airlines နဲ့ W Hotels တို့လို apps တွေနဲ့ ချိတ်ဆက်ထားပြီး  တခြား Apple ရဲ့ ကျန်းမာရေး စနစ်တွေနဲ့ fitness အပလီကေးရှင်းတွေကိုလည်း ချိတ်ဆက်ထားပါတယ်။ ချိတ်ထားတဲ့အတွက်ကြောင့် အမြဲတန်း watch ကစောင့်ကြည့်နေပြီး လိုအပ်ရင်လိုအပ်သလို notification ပေးပါတယ်။ Apple Watch က သူ့ရဲ့ rectangular မျက်နှာပြင်ရဲ့ နောက်ဘက်ကို fit ကျစေမယ့် သီးခြား charger ကို အသုံးပြုပြီး အားသွင်းရတာ ဖြစ်ပါတယ်။ ယခုချိန်ထိတော့ Watch ရဲ့ဘက်ထရီ သက်တမ်းကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ သိရသလောက်တော့ Apple က ဒေါ်လာ ၃၅၀ နဲ့စရောင်းလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ၂၀၁၅ အစောပိုင်းရောက်မှပဲ ဆုံးဖြတ်ကြပါစို့။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *