News

iPhone 5Sရဲ့ Touch IDကို နို့သီးခေါင်းနဲ့ပါ သုံးပြ

Appleရဲ့ Touch IDပါ၀င်ပြီး နာမည်ကြီးနေတဲ့ iPhone 5Sဟာ လူရဲ့ နို့သီးခေါင်းနဲ့တောင် Lockလုပ်လို့ ရတယ်ဆိုတဲ့ သတင်းတွေ ဗီဒီယိုနဲ့တကွ ထွက်ပေါ်လာပါတယ်။ ဒီသတင်းမတိုင်ခင် ကလည်း iPhone 5Sရဲ့ Fingerprint Scannerဟာ လူ့အရေပြားနဲ့မှ မဟုတ်ဘဲ ကြောင်ရဲ့ လက်နဲ့တောင် Screen Lockလုပ်လို့ ရတယ်လို့ သတင်းတွေ ထွက်ရှိပြီး ဖြစ်ပါတယ်။ အခုကတော့ ယောကျ်ားကြီး တစ်ယောက်က iPhone 5Sကို အမျိုးမျိုး စမ်းသပ်ရင်းနဲ့ ၎င်းရဲ့ နို့သီးခေါင်းနဲ့ ဖုန်းကို Screen Unlockလုပ်ကြည့်တဲ့ ဗီဒီယိုဖြစ်ပါတယ်။ ဂျပန်၀က်ဘ်ဆိုဒ် တစ်ခုကနေ တက်လာတာ ဖြစ်ပြီး သူ့အနေနဲ့ ပုံမှန်အတိုင်း သုံးသလို အေးအေးဆေးဆေးပဲ လုပ်ပြသွားတာ ဖြစ်ပါတယ်။

အဆိုပါ ဂျပန်၀က်ဘ်ဆိုဒ်ကပဲ ထုတ်လွှင့်ခဲ့တဲ့ နောက်ထပ် ဗီဒီယိုတစ်ခုမှာတော့ လူတစ်ယောက်က သူ့ရဲ့ ခြေမကို သုံးပြီး Touch ID Sensorဖွင့်ပြ ခဲ့ကာ သူ့ရဲ့ နှာခေါင်းနဲ့ ထပ်မံကြိုးစားကြည့်တဲ့ အခါမှာတော့ မအောင်မြင်ခဲ့ပါဘူး။ Appleကတော့ Fingerprintအတွက် သုံးဖို့ ရည်ရွယ်ထုတ်လုပ် လိုက်တာ ဖြစ်ပေမယ့် လူတွေက ဒါကို အမျိုးမျိုးစမ်းသပ်နေ ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Appleအနေနဲ့ ဘာထပ်ပြောကြားဦး မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “iPhone 5Sရဲ့ Touch IDကို နို့သီးခေါင်းနဲ့ပါ သုံးပြ

  1. မြန်မာပြည် မှာရော ဘာနဲ့သုံးပြအုံးမလဲ မသိဘူး

Leave a Reply

Your email address will not be published. Required fields are marked *