Review

ကမ္ဘာကျော် CEOတို့ရဲ့ ပုံစံတွေ

မြန်မာအိုင်စီတီ ပရိသတ်တွေကို ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ကမ္ဘာအရပ်ရပ်က ကမ္ဘာကျော် CEOတွေရဲ့ ခန္ဓာဗေဒလို့ ခေါ်တဲ့ ပုံသဏ္ဌာန်တွေပဲ ဖြစ်ပါတယ်။ ဒါတကယ်ကို စိတ်၀င်စားဖို့ ကောင်းပါတယ်။ ဟားဗတ် စီးပွားရေး အဖွဲ့အစည်းမှ လေ့လာသူတွေရဲ့ ထိပ်တန်း CEOအယောက် တစ်ရာအပေါ် သုတေသနပြုလုပ်ချက် တွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ဗျာ။

ထိပ်တန်း CEOတွေမှာ ၅၃ရာခိုင်နှုန်းသော ပုဂ္ဂိုလ်တွေသာ မူလဆံပင် ရှိကြတာ ဖြစ်ပါတယ်။ ၃၆ရာနှုန်းကတော့ ဆံပင်တွေ ပါးနေကြပြီး ကျန်တဲ့ ၁၁ရာနှုန်းကတော့ ထိပ်ပြောင်သို့မဟုတ် ကတုံးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ ထိပ်တန်း CEOအယောက် တစ်ရာမှာ ၉၈ယောက်က ယောကျာ်းတွေ ဖြစ်ပြီး ၂ယောက်သာ မိန်းမတွေ ဖြစ်ပါတယ်။ ဒါ့အပြင် CEO အယောက်တစ်ရာမှာ ၃၇ယောက်က မျက်မှန်တွေ တပ်ဆင်ကြပြီး ကျန်တဲ့ ၆၃ရာနှုန်းကတော့ မျက်မှန် မတပ်ဆင်ပါဘူး တဲ့ခင်ဗျာ။

ဒါ့အပြင် ထိပ်တန်း CEOတွေရဲ့ ၉၇ရာခိုင်နှုန်းဟာ အိမ်ထောင်ပြုထားပြီး ဖြစ်ပါတယ်။ ၉၉ရာနှုန်းသော ပုဂ္ဂိုလ်တွေဟာ Bachelorဘွဲ့ရထား ကြပြီး MBAဘွဲ့ရတဲ့လူလည်း ၂၉ရာနှုန်းအထိ ရှိနေတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က အဆိုပါ ဘွဲ့ရပညာ တတ်ဖြစ်ဖို့ အမေရိကားမှာ ကျောင်းပြီးခဲ့တဲ့လူက ၃၈%ဖြစ်ပြီး ၆၁%ကတော့ အမေရိက ပြင်ပမှ ဖြစ်ပါတယ်။ ကျန်တဲ့ ၁%ဖြစ်တဲ့ Appleရဲ့ ဖခင်ကြီး Steve Jobsကတော့ ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့သူပါ။ အဆိုပါ ထိပ်တန်း CEOအယောက် တစ်ရာမှာ ရာထူးတိုးပြီး CEOဖြစ်တဲ့ လူက ၇၉ယောက် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လိုအပ်ချက်အရ အပြင်ကနေ ငှားရတဲ့ CEOက ၁၇%ဖြစ်ပြီး တည်ထောင်သူလည်း ဖြစ်၊ CEOလည်း ဖြစ်တဲ့ လူကတော့ ၄%သာ ရှိပါသတဲ့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *