News

iPhone 5Sရဲ့ လက်ဗွေစနစ် Hackနိုင်တဲ့လူ ဒေါ်လာ သောင်းခြောက်ထောင် ရမည်

အမေရိကန်အခြေစိုက် ကမ္ဘာကျော် နည်းပညာ Appleမှ မိတ်ဆက်ဖြန့်ချိ လိုက်တဲ့ iPhone 5Sမှာ ပါ၀င်လာတဲ့ Fingerprint Scannerကို Hackလုပ်နိုင်တဲသူအား အမေရိကန် ဒေါ်လာ တစ်သောင်းခြောက်ထောင် ချီးမြှင့်မယ်လို့ အမေရိကန် Hacking Communityမှ ကြေညာထုတ်ပြန်လိုက်ပါတယ်။ Appeအနေနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီမှာ မတူညီတဲ့ လက်ဗွေတွေ ရှိတာကို အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်ကို iPhoneတွေမှာ အသုံးပြုနိုင်ဖို့ Fingerprint(လက်ဗွေစနစ်)ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကျွမ်းကျင်သူ နှစ်ဦးဖြစ်တဲ့ Nick Depetrilloနဲ့ Robert David Grahamကတော့ “Touch IDစနစ်ကို Hackလို့ ရနိုင်မလား”ဆိုတဲ့ နာမည်နဲ့ Websiteတောင် ဖန်တီးခဲ့ကြပါတယ်။ အဆိုပါ Websiteမှာ Twitterက လူတွေက iPhone 5Sရဲ့ Touch IDစနစ်ကို Hackလုပ်နိုင်တဲ့ လူကို ဒေါ်လာ ဘယ်လောက် ပေးမယ်ဆိုပြီး Offerလုပ်ထား ပါတယ်။ လေ့လာလိုသူများ အနေနဲ့ http://istouchidhackedyet.com/ မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

4 thoughts on “iPhone 5Sရဲ့ လက်ဗွေစနစ် Hackနိုင်တဲ့လူ ဒေါ်လာ သောင်းခြောက်ထောင် ရမည်

  1. M Clo Lay says:

    အံပါ No word to say..

  2. Mi Cho Ngal says:

    တစ်ကယ်ကြီးလား…..အဲ့တာဆိုရင်တော့ငါမ Hackတက်ဘူးဟ……:P

  3. နည်းတယ်…

Leave a Reply

Your email address will not be published. Required fields are marked *