News

Appleရဲ့ iPhone 5Sက လူစိတ်၀င်စားမှု နံပါတ်တစ် ဖြစ်နေ

အမေရိကန် အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး Appleမှ တရား၀င်မိတ်ဆက် လိုက်သော iPhone 5Sမှာ GSM ARENA၀က်ဘ်ဆိုဒ်၏ နေ့စဉ် လူစိတ်၀င်စားမှု စာရင်းတွင် နံပါတ်တစ် နေရာ၌ ရပ်တည်လျက် ရှိသည်။ တစ်ရက်လျှင် လူတစ်သိန်းလေးသောင်းကျော်ခန့် iPhone 5Sအကြောင်း ၀င်ရောက်ကြည့်ရှုနေကြပြီး တောင်ကိုရီးယားအခြေစိုက် Samsungမှ ထုတ်လုပ်သည့် Galaxy Note 3က နေ့စဉ်ကြည့်ရှုသူ တစ်သိန်းနီးပါးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

တတိယနေရာတွင် Apple၏ ရောင်စုံ ပလတ်စတစ်ကိုယ်ထည်ဖြင့် ဖန်တီးထားသည့် iPhone 5Cက နေ့စဉ်ကြည့်ရှုသူ ၈၈၀၀၀ကျော်ဖြင့် ရပ်တည်နေပြီး စတုတ္ထအဖြစ် နေ့စဉ်ကြည့်ရှုသူ ၆၃၀၀၀ကျော်ဖြင့် Samsung၏ Galaxy S4က ရပ်တည်လျက် ရှိသည်။ လက်ရှိအချိန်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်သော iPhone 5ကလည်း လူစိတ်၀င်စားမှု အဆင့် ၅နေရာတွင် ရှိနေကာ Dual-SIMသုံးလို့ ရသည့် Samsung၏ Galaxy Seriesတစ်မျိုး ဖြစ်သော Galaxy S Duosကလည်း လူစိတ်၀င်စားမှု အဆင့် ၆နေရာတွင် တွေ့ရသည်။

SONYမှ ထုတ်လုပ်သော မျက်နှာပြင် ၅လက်မအရွယ် ရေစိုခံ Xperia Z1ဖုန်းမှာ နေ့စဉ်ကြည့်ရှုသူ ၅၁၀၀၀ကျော်ဖြင့် အဆင့် ၇နေရာတွင် ရှိနေပြီး Samsung Galaxy Coreစမတ်ဖုန်းမှာ နေ့စဉ်၀င်ရောက် ကြည့်ရှုသူ ၄၈၀၀၀ကျော်ဖြင့် အဆင့် ၈နေရာတွင် အသီးသီး ရပ်တည်လျက် ရှိကြသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “Appleရဲ့ iPhone 5Sက လူစိတ်၀င်စားမှု နံပါတ်တစ် ဖြစ်နေ

  1. မဝယ်နိုင်သေးရင် စိတ်မဝင် စားပါနဲ့,သင့်ဆီမှာရှိတဲ့ သင့်ရဲ့Device ဟာ သင့်အတွက်
    The best ပဲပေါ့

  2. $99 တန် 5c ပဲစိတ်ဝင်စားတယ်လေ

Leave a Reply

Your email address will not be published. Required fields are marked *