iPhone 5S အသုံးပြုသူတစ်ချို့ မှာ Battery အကုန်မြန်တဲ့ ပြဿနာတွေကြုံတွေ့နေရပါတယ်။ Apple ကလည်း အဲဒီ ပြဿနာ ဟာ iPhone 5S တစ်ချို့မှာ အမှန်တကယ် ရှိနေတာကို ၀န်ခံပြောကြားလိုက်ပါတယ်။ ထုတ်လုပ်တဲ့စက်ရုံ က ပြဿနာ ဖြစ်တာဖြစ်ပါတယ်။ နောက်ပြီး iPhone 5S အနည်းငယ်သာ အဲဒီ ပြဿနာဖြစ်တာဖြစ်ပြီး အလုံးရေ ထောင် ဂဏန်း လောက် မှာ အဲဒီ ပြဿနာ ရှိနေတယ်လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားပါတယ်။ အဲဒီ ဖုန်းတွေဟာ Battery အားသွင်းရင် အလွန်ကြာတတ်ပြီး အသုံးပြုရင်လည်း အားကုန်တာမြန်တယ်လို့သိရပါတယ်။ အဲဒီ ဖုန်းတွေကို Apple က အခမဲ့ လဲလှယ်ပေးမှာဖြစ်ပါတယ်။