ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ အခြေစိုက် ဥရောပ Hackerအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ “Chaos Computer Club”ကနေ အသစ် ကျပ်ချွတ် iPhone 5Sရဲ့ Fingerprintလုံခြုံရေး စနစ်ကြီးကို ဖောက်ထွင်း နိုင်ကြောင်း သက်သေပြလိုက် ပါတယ်။ Appleအနေနဲ့ iPhone 5Sမှာ အသစ်ထပ်မံ ဖြည့်သွင်း လိုက်တဲ့ လုံခြုံရေးစနစ်ဟာ အသုံးပြုသူ (ပိုင်ရှင်)ရဲ့ လက်ဗွေ ပုံရိပ်ကို 2400 DPI(Dot Per Inches) အရည်အသွေးနဲ့ မှတ်တမ်းတင် သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး အဆိုပါ လက်ဗွေကို လေဆာပရင်တာနဲ့ 1200 DPIအနည်းဆုံး Printထုတ်လိုက်ရင် iPhone 5Sရဲ့ Home Buttonပေါ် တင်ပြီး ဖုန်းကို အလွယ်တကူ ဖွင့်လို့ ရပြီပဲ ဖြစ်ပါတယ်။
iPhone 5Sကို အခုလို Hackပြပြီး YouTubeပေါ်မှာလည်း Videoဖိုင် တင်ထားပါတယ်။ ဒါကြောင့် Appleအနေနဲ့ Hackerတွေကို ဆုချီးမြှင့်ဖို့ စဉ်းစားရတော့မှာ ဖြစ်ပြီး Appleအနေနဲ့ ဒါတွေကို ဘယ်လို တုန့်ပြန် ပြောကြားသွားမလဲ ဆိုတာ စိတ်၀င်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
iPhone 5Sရဲ့ လက်ဗွေစနစ်ကို ဥရောပ Hackerအဖွဲ့ တစ်ခုက လက်တွေ့Hackပြ

23
Sep
အွန် တေရော
mite tal
ho ho great! well done!
လူ လုပ် ရင် လူ တောင်ဖြစ်သေး
ဟဲဟဟဟဟဟဟဟ
great great…!!!
အားပါးပါး
Hoo…grate…
မှတ်ကရော
Apple က ဖင် မနိုင် ပဲ ပဲဟင်းသွားစားတာကိုး။
ရောင်းတောင် မရောင်းရသေးဘူး..ဟက်ပြီးပြီလား…ကောင်းပါ့
That’s not hack copy paste by owner user finger. If no owner around how to get it log in. Think first don’t think like child 😛
ဒါက hack တာမှမဟုတ်တာ .. owner ရဲ့ လက်ဗွေကို ယူပြီးလုပ်တာပဲ ကလေးအတွေးပေါ့ကွယ် ငိငိ
hack နိုင်တယ်ပဲထားပါဦး apple က ios 7 x ဆိုပြီး fixed လုပ်ပေးလိမ့်မယ် ငိငိငိ