News

iPhone 5 အကြောင်း Video ထွက်ပေါ်

ကွန်ပျူတာအစိတ်အပိုင်းများ ရောင်းချသည့် ကုမ္ပဏီဖြစ်သည့် ETrade Supplyမှ ဝန်ထမ်းတစ်ဦးဟာ မကြာသေးမီရက်ပိုင်းအတွင်း iPhone 5 ဟု ယူဆရသည့် မိုဘိုင်းလ် ဖုန်းကိုယ်ထည်တစ်ခုအကြောင်း Video ကို YouTube ပေါ်တွင် တင်ထားခဲ့သည်ဟု သိရသည်။ လတ်တလောအချိန်တွင် Apple ၏ iPhone 5 သတင်းမှာ လူတကာ ပါးစပ် ဖျားတွင် ရေပန်းစားနေပြီး ကောလဟာလများကလည်း နေ့စဉ်နှင့်အမျှထွက်ရှိလို့လာနေပါတယ်။ ယခုအချိန်တွင်တော့ တမူထူးခြားစွာဖြင့် iPhone 5 ၏ ကိုယ်ထည်ကို ထုတ်ဖော်ပြသထားသည့် video ထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ video အတွင်း အရောင်းဝန်ထမ်းဟာ ၄င်းကို်င်ဆောင်ထားသော ဟန်းဆက်ကို iPhone 5 ၏ ကိုယ်ထည်ဟု ပြောကြားခဲ့ပြီး ကြည့်ရှုချက်အရ ၄င်းဟာ iPhone 4 (သို့) iPhone 4S ထက်ပါးလွှာနေတာကို တွေ့ရပါတယ်။

ထို့ပြင် ၄င်းဟာ ယခင်ဖုန်းများထက် ပိုမိုမြင့်မားနေပြီး မျက်နှာအကျယ်ကတော့ ၄ လက်မအရွယ်အစားရှိတာကို တွေ့ရပါတယ်။ ထူးဆန်းစွာနဲ့ပဲ ယခုပြသသွားသော iPhone 5 ဟန်းဆက်မှာ ထွက်ရှိ ခဲ့သော ကောလဟာလများနှင့် တသွေမတိမ်း ကိုက်ညီမှုရှိနေခြင်းဖြစ်ပြီးပို၍ ထူဆန်းသည့်အချက်ကတော့ လွန်ခဲ့သည့်လအတွင်း သတင်း ထွက်ပေါ်ခဲ့သည့် Apple မှ iPhone 5 အတွင်း headphone ပေါက်ကို အောက်ဖက်သို့ရွေ့ ပြောင်းထား သည်ဆိုသည့် အချက်ပင်ပါဝင်နေခြင်းဖြစ်ပါတယ်။ Apple မှတော့ ယခုအချိန်အထိ iPhone 5နှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမှ မထုတ်ပြန်ထားသေးသော်လည်း မှန်းဆထားသည့် iPhone 5 ၏ spec များအားလုံးမှာ အကုန်လုံးနီးပါး တူညီနေတာကို တွေ့ရပါတယ်။ Appleမှာ လာမည့်တစ်ပတ်အတွင်း WWDC ကို ကျင်းပ သွားရန်ရှိနေပြီး ကုမ္ပဏီမှလည်း ပွဲအတွင်း iOS နှင့် OSX အကြောင်းကို အလေးပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည့်အတွက် iPhone 5 ကလည်း ထွက်ရှိလာနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *