News

Apple မှ Samsung ၏ နောက်ဆုံးပေါ် Galaxy S3 အား U.S တွင် မရောင်းချစေလို

Samsung ၏ နောက်ဆုံးပေါ် Smartphone တစ်လုံးဖြစ်သည့် Galaxy lll ဟာ လက်ရှိအချိန်တွင် Apple ၏ မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း၏ နောက်ဆုံး ပြစ်မှတ်ဖြစ် လာနေပါတယ်။ Apple၏ သတင်းထုတ်ပြန်ချက်များအရ Samsung၏ Galaxy S3 smartphoneမှာ ပြဿနာတက်ခဲ့ပြီးသော Galaxy Nexus ရှိ အချက် ၂ ချက်နှင့်တူညီနေခြင်းကြောင့် U.S တွင်ရောင်းချသွားရန် တားမြစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ S3 ဟာလာမည့် ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင်း စတင်ရောင်းချတော့မည်ဖြစ်ပြီး Samsung ၏ Galaxy S စီရီးထဲတွင် တတိယမြောက် နာမည်အကြီးဆုံး ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

Samsungမှတော့ ယခုဖြစ်ရပ်အတွက် Appleအား အလွန်အမင်း ဒေါသထွက်လျှက်ရှိပြီး တရားရုံးသို့ ၄င်းတို့၏ S lll ဟာ မည်ကဲ့သို့ ဆန်းသစ်ထားသော ပစ္စည်းဖြစ်ကြောင်းနှင့် ကိုယ်ပိုင် တီထွင်မှုဖြစ်ကြောင်းကို ပြသသွားမယ်လို့ ကြော်ငြာထားပါတယ်။ Samsung ၏ တာဝန်ရှိသူတစ်ဦးကတော့ “ကျွန်တော်တို့အနေနဲ့ Galaxy S lll ကို စီစဉ်းထားတဲ့အတိုင်းပဲ U.S မှာ ရောင်းချသွားပါမယ်။ လက်ရှိအချိန်မှာ S lll ရဲ့ ဈေးကွက်ကလည်း တဖြည်းဖြည်း တိုးပွါးလာတာကို တွေ့နိုင်ပြီး Apple၏ တားမြစ်မှုကိုလည်း လုံးဝရင်ဆိုင် တားစီးသွားပါမယ်”ဟု သတင်းဌာနများသို့ ပြောကြားထားပါတယ်။

Apple ၏ တာဝန်ရှိသူတစ်ဦးကတော့ “လက်ရှိအချိန်မှာ Samsung ရဲ့ product တွေက Apple နဲ့ဆင်တူတွေကြီး ဖြစ်နေတာက သိသာပါတယ်၊ အဲဒီလိုမျိုး User Interface နဲ့ ထုတ်ပိုးမှုပုံစံတွေကို လိုက်ပြီး တုပနေတာက အဆင့်အတန်းရှိတဲ့ လုပ်ရပ်တစ်ခုမဟုတ်ဘူး”ဟု သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုအချိန်တွင် Apple နှင့် Samsung တို့၏ ပြဿနာများမှာ ဆက်လက်ကြီးထွားလာနေပြီး ယခင်လအတွင်းတွင်လည်း ကုမ္ပဏီ ၂ ခုမှ CEO များ တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီခဲ့ခြင်း မရှိခဲ့ကြကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *