News

Apple မှ Australia တွင် ဖြစ်ပွားခဲ့သော iPad ပြဿနာများအတွက် ဒေါ်လာ ၂.၂၅သန်း ကုန်ကျခဲ့

Apple မှ Australia နိုင်ငံတွင် ဖြစ်ပွါးခဲ့သော iPad နားလည်မှုလွဲခြင်း ပြဿနာအတွက် ဒေါ်လာ ၂.၂၅ သန်းအကုန်ကျခံကာ ဖြေရှင်းပေးလိုက်ကြောင်း Apple blog တစ်ခုဖြစ်သည့် 9to5 Mac ၌ ဖော်ပြသွားပါတယ်။ ယခုပြဿနာမှာ Australia နိုင်ငံတွင်းရောင်းချသော iPad များမှာ မှားယွင်းစွာဖြင့် 4G network ဖြင့် ကိုက်ညီမှု ရှိခြင်းဟု ကြော်ငြာခဲ့ခြင်းမှ စတင်ပါတယ်။ ထို့နောက် မတ်လအတွင်း Australian Competition and Consumer Commission တို့ဟာ နာမည်ကျော် Apple ကို နိုင်ငံနှင့် မကိုက်ညီသော ထုတ်ကုန်များကို စစ်မှန်သည့်အတိုင်း ကြော်ငြာခဲ့ခြင်းအတွင်း တရားဆွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်တွင် Australia နိုင်ငံအတွင်း မည်သည့် နည်းပစ္စည်းမှ 4G network ကို အသုံးမပြုနိုင်သေးသော်လည်း Apple ၏ iPad ကြော်ငြာထားပုံမှာ Wi Fi + 4G ဖြစ်နေပါတယ်။

ACCC ၏ ထုတ်ပြန်ကြော်ငြာချက်တွင် ဖော်ပြထားချက်များအရ iPad with WiFi + 4G ဟူသော Apple ၏ ကြော်ငြာချက်မှာ နိုင်ငံအတွင်း အသုံးပြုသူများကို လမ်းလွဲစေကြောင်း၊ ၄င်းတို့အနေဖြင့် iPad အတွင်း SIM card ထည့်သွင်းထားပါက 4G network ကို ချိတ်ဆက်နိုင်သည်ဟု ကြော်ငြာခဲ့ပြီး ထိုအချက်ကတော့ Australia နိုင်ငံအတွင်း လုံးဝ ဖြစ်နိုင်ချေမရှိကြောင်း သိရပါတယ်။ နောက်ပိုင်းတွင် ဥရောပနိုင်ငံများမှပါ ACCC ၏ ပြစ်တင်မှုများကို ထောက်ပြခဲ့ကြတဲ့အတွက် Apple ဟာ ၄င်းရဲ့ iPad များကို iPad with WiFi + Cellular ဟု ပြောင်းလဲကြော်ငြာခဲ့ရပါတယ်။ 9to5 Mac ၏ အဆိုအရ လက်ရှိ ဖြစ်ပွါးနေသော ACCC နှင့် Apple တို့၏ ပြဿနာအား တရားရုံးတော်မှ အမိန့်မချမှတ်သေးပဲ နှစ်ဖက်စလုံးမှ တရားစီရင်ချက်ကို စောင့်မျှော်နေရကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *