News

ကင်မရာ အသုံးပြုမှု အများဆုံး ဖြစ်ခဲ့သော iPhone 4

လွန်ခဲ့သောလ အတွင်း ကင်မရာအသုံးပြုသူများ မှာ Apple ၏ iPhone 4 ရှိ ကင်မရာကို အသုံးပြုပြီး ဓါတ်ပုံ အများအပြား upload တင်ခဲ့ကြောင်း Flickr မှ သတင်းထုတ်ပြန်ထားပါတယ်။
၄င်းတို့ရဲ့ သတင်းထုတ်ပြန်ချက်အရ iPhone 4 ရှိ ကင်မရာအား ယခင်လအတွင်း အသုံးပြုခဲ့သူဦး ရေမှာ ၄,၄၆၀ ရှိခဲ့ပြီး ယခု ရေတွက်မှုတွင် Apple ၏ camera app နှင့်သာ တိုင်းတာပြီး အခြား third-party app များဖြစ်သော Instagram နှင့် Hipstamatic ကဲ့သို့ app အသုံးပြုသူများကို မထည့်သွင်းထားကြောင်း သိရပါတယ်။ ထို့နောက် အဆိုပါသတင်းတွင် iPhone 4 ၏ ကင်မရာအသုံးများဆုံး ဖြစ်နေခြင်းကို ယခုလအတွင်း Canon ၏ 5D Mark ll မှ ကျော်ဖြတ်သွားနိုင်ပြီး အသုံးပြု upload လုပ်သူဦးရေမှာ ၄,၆၄၃ ထိရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
Canon မှာ လက်ရှိအချိန်တွင် Mark lll ထွက်ရှိလာမှုကြောင့် 5D Mark ll ကို ဈေးနှုန်း လျှော့ချထားတဲ့အတွက် ယခုလို အသုံးများလာခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများမှ ဆိုထားပါတယ်။
Ref: Internet

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *