News

Appleမှ Australia နိုင်ငံတွင် iPad ဝယ်ယူသူများကို ပြန်အမ်းငွေများ ထုတ်ပေး

Apple မှ Australia နိုင်ငံရှိ iPad ဝယ်ယူသူများ ကို ပြန်အမ်းငွေများ ထုတ်ပေးနေရကြောင်း သိရပါတယ်။ ထိုကဲ့သို့ ထုတ်ပေးနေရခြင်းမှာ ထုတ်လုပ်ထား သော iPad များအတွင်း ကြော်ငြာထားသည့် အတိုင်း 4G မပါဝင်မှုကြောင့် ဖြစ်ကြောင်း Sydney Morning Hearlad သတင်းဌာနမှ ဖော်ပြသွားပါတယ်။ ၄င်းတို့၏ ဖော်ပြထားချက်အရ Apple မှ iPad များ ရောင်းစဉ် iPad with WIFI+4G ဟူ၍ ရောင်းချကြောင်း၊ ထိုကဲ့သို့ ရောင်းချမှုမှာ US နှင့် Canada နိုင်ငံတွင်းရှိသော LTE Network များမှာ iPad နှင့် ကိုက်ညီမှုကြောင့် ဖြစ်ကြောင်း၊ သို့သော်လည်း Australia နိုင်ငံရှိ Telstra နှင့် Vividwireless တို့မှာမူ iPad တွင် အသုံးပြုထားသော 4G နည်းပညာနှင့် ကိုက်ညီမှု မရှိကြောင်း သိရပါတယ်။ ယခုကဲ့သို့ ဖြစ်ပေါ်နေမှုဟာ Australia နိုင်ငံရှိ iPad ဝယ်ယူသူများကြား နားလည်မှု လွဲခြင်းများ ဖြစ်ပေါ်နေကြောင်း အသုံးပြုသူ စောင့်ကြည့်ရေးအဖွဲ့ ACCC မှ ဆိုထားပါတယ်။ Apple မှ ယခုကဲ့သို့ iPad ဝယ်ယူထားသူများကို ပြန်အမ်းငွေများ ပေးအပ်နေသော်လည်း ဝယ်ယူထားသည့် iPad အဟောင်းများကိုတော့ Apple သို့ ပြန်လည်ပေးအပ်ရကြောင်း သိရပါတယ်။ ယခုအခါတွင် Apple မှ Australia တွင် ကြော်ငြာထားသည့် iPad ပုံစံများကိုလည်း ပြောင်းလဲထားပြီး iPad တွင် ပါဝင်သော 4G မှာ Australia နိုင်ငံ၏ Network များနှင့် ကိုက်ညီမှု မရှိသော်လည်း အလွန်လျှင်မြန်သည့် Cellular Network ကို အထောက်အပံ့ပေးကြောင်း ပြန်လည် ကြော်ငြာထားပါတယ်။

Ref: SMH

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *