Interview

သီချင်းများများနားထောင်ရင် DJ ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ် ဆိုတဲ့ DJ Wine

ကျွန်တော်က 99 လောက်မှာ အရမ်းပေါက်နေတဲ့ Trance Music ကို အရမ်းကြိုက်ပြီးတော့ ဒီလောကထဲကို ၀င်ရောက်ခဲ့တာ။ ကျွန်တော်က Producer အနေနဲ့ စ၀င်တာ၊ DJ အနေနဲ့ကတော့ နောက်မှ ပြောင်းသွားတာပေါ့နော်။ အရင်ဆုံး သီချင်းထုတ်လုပ်တဲ့ Producer တစ်ယောက်အနေနဲ့ စ၀င်ဖြစ်တာ။ ၂၀၀၂ မှာ Remix တွေ စလုပ်ဖြစ်တယ်ပေါ့နော်။ အခု လူတိုင်းကြားဖူးကြမယ့် အိပ်မက်စေတမန်က ကျွန်တော် တီးထားတဲ့ သီချင်းပေါ့နော်။ Traditional တွေ တီးရင်းနဲ့ လူသိများလာတော့မှ DJ ဘက်ကို စ၀င်တာပေါ့။ 2003 မှာ စ၀င်တာပေါ့။ ၀င်တုန်းကလည်း Remix တွေနဲ့ပေါ့နော်။ အဲဒီတုန်းကလည်း အရမ်းပေါက်ခဲ့တဲ့ မျက်နှာသီချင်းနဲ့ မြန်မာ Remix တွေ လုပ်ဖြစ်ပါတယ်။

အစ်ကို DJ ပညာကို ဘယ်လိုလေ့လာ သင်ယူခဲ့သလဲဆိုတာ ပြောပြပေးပါ။
ရှင်းရှင်းပြောရရင် သင်ဆရာတော့ မရှိဘူးပေါ့နော်၊ မြင်ဆရာတွေ ကြားဆရာတွေရှိတာပေါ့၊ ကျွန်တော်က အရင်တုန်းက ကီးဘုတ် နည်းနည်း တီးတတ်တယ်၊ အိမ်မှာ အရင်တုန်းက ကွန်ပျူတာ မရှိတုန်းကတော့ TV Game လေးနဲ့ ပေါ့နော်။ Play Station ဂိမ်းမှာ Music 2000 ဆိုတဲ့ ဂိမ်းရှိတယ်။ အဲဒီ ဂိမ်းနဲ့စပြီး လုပ်ဖြစ်တယ်။ ကွန်ပျူတာရောက်တော့ ကွန်ပျူတာနဲ့ တီးဖြစ်တယ်။ အပြင်က ကျွန်တော့် ဆရာတွေလို့ပြောလို့ရတဲ့ DJ တွေ DJ Jam, DJ Rarho, DJ H သူတို့တွေနဲ့ တွေ့ပြီးတော့မှ DJ နဲ့ ပတ်သက်ပြီး ပိုပြီးတော့ သိလာတယ် ပိ်ုနားလည်တာပေါ့နော်။ သင်ပေးတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒါတွေက ကိုယ့်ဘာသာကိုယ် လေ့လာရင်းနဲ့ တတ်တာ။ မေးမြန်းရင်းနဲ့ တတ်လာတာပေါ့နော်။

အစ်ကို Music တွေကို ဖန်တီးတဲ့အခါ ဘယ်လို ပစ္စည်လေးတွေ အသုံးပြုဖြစ်ပါသလဲ။
ကျွန်တော်က သုံးတဲ့ ပစ္စည်းတွေတော့ များတယ်။ ကွန်ပျူတာ ပျက်တာလည်း သုံးလေးလုံးတော့ ရှိနေပြီ။ ဟိိုးအရင်တုန်းကတော့ PC နဲ့ Sound Card နဲ့ တွဲသုံးဖြစ်တယ်။ ပြီးတော့ Speaker တွေ သုံးဖြစ်တယ်။ ကျွန်တော် မြို့ထဲ Studio မှာလည်း Sound Card လေးတွေ ထပ်၀ယ်ထားတယ်။ လောလောဆယ် သုံးနေတဲ့ဟာက PC မှာဆိုရင် Audio Interface အနေနဲ့ mBox Mini, Behringer Xynh 1204, Focusrite Soffire Pro 14 တွေကို Sound Card နဲ့ တွဲသုံးတယ်။ Midi Keyboard တွေမှာဆိုရင် m-Audio Key station 61, m-Audio oxygen V2, Edirol PCR-500 တွေကို သုံးဖြစ်ပါတယ်။ Speaker အနေနဲ့ကျတော့ မြို့ထဲ Studio မှာ m-Audio BX5a deluxe နှစ်စုံ သုံးတယ်။ DJ စက် အနေနဲ့ Pioneer CDJ 400, DJM-400 တွေကို Tractor နဲ့ တွဲသုံးဖြစ်ပါတယ်။ Production ပိုင်းအနေနဲ့ပြောရရင်တော့ FL Studio, CUBASE, Studio ONE တွေ သုံးဖြစ်ပါတယ်။

အစ်ကို လက်ရှိသုံးဖြစ်နေတဲ့ ကွန်ပျူတာ ပစ္စည်းလေးက။
ကျွန်တော် Macbook Pro ကို mBox နဲ့ တွဲသုံးဖြစ်ပါတယ်။ Macbook မှာဆိုရင် Software ပိုင်းအနေနဲ့ Logic Pro ကို သုံးဖြစ်ပါတယ်။

အစ်ကို Facebook သုံးဖြစ်လားမသိဘူး။
Facebook မသုံးခင် 2003 လောက်ကတည်းက ်friendster သုံးတယ်။ ဥပမာ ဒီလိုမျိုး အလုပ်တွေရလာတယ်ဆိုတာ online မှာ လူတွေနဲ့ အများကြီးတွေ့ပြီးတော့ အဆက်အသွယ်ရရင်းနဲ့ပဲ ကျွန်တော့်ကို လူသိများလာတယ်ဆိုတော့ Facebook ကို Social Networking အနေနဲ့ ကောင်းကောင်း အသုံးပြုဖြစ်ပါတယ်။ online ပေါ်မှာ လူတွေနဲ့ အမြဲတမ်းတွေ့တယ်၊ စကားလည်းပြောဖြစ်ပါတယ်။ ကိုယ်သိထားတာလေးတွေ Share လုပ်ဖြစ်တယ်။ မသိတာတွေတော့ ရှာဖွေတာပေါ့၊ ကျွန်တော့် သီချင်းတွေကိုလည်း Share လုပ်ဖြစ်ပါတယ် ။

Facebook ကို ဘယ်လို အချိန်မျိုးမှာ အများဆုံး သုံးဖြစ်ပါသလဲ။
အိမ်မှာ သီချင်းလုပ်နေရင်းနဲ့လည်း Facebook သုံးဖြစ်ပါတယ်။ နေ့တိုင်းနီးပါးပါပဲ။ အားနေတဲ့ အချိန်တွေမှာ တစ်နေကုန်သုံးဖြစ်တယ်။

အခြား Website တွေရော၀င်ကြည့်ဖြစ်လား။
ကျွန်တော် myanamardjs.org မှာ Admin ပေါ့နော်။ အဲဒီမှုာရှိတဲ့ တစ်ချို့ဟာမျိုးတွေ ၀င်ပြင်ရတာမျိုးတွေ၊ Management ၀င်လုပ်ပေးရတာမျိုးတွေလည်း ရှိပါတယ်။

Online ပေါ်မှာ DJ နဲ့ ပတ်သက်ပြီး လေ့လာတာမျိုးတွေရော ရှိပါသလား။
သီချင်းတွေ Software တွေကို Online ကနေ ယူတာဆိုတော့ Online ပေါ်ကနေပဲ အများဆုံးရှာဖြစ်တာပေါ့။

၀င်ကြည့်ုဖြစ်တဲ့ Website လေးညွှန်းပေးလို့ရမလား။
Facebook.com/djwinemusic ဆိုတာရှိတယ် အဲဒီမှာ ကျွန်တော့်အကြောင်း အကုန်ရှိတယ်။ ကျွန်တော်ရှာတဲ့ Site တော်တော်များများက www.filetubes.com, www.kvr-plugins.com, www.lemonshare.org တွေကို ၀င်ကြည့်ုဖြစ်ပါတယ်။

အဲဒီလို Site တွေကနေဘယ်လို အကြောင်းအရာမျိုးတွေကို Learn လုပ်ဖြစ်ပါသလဲ။
Learn လုပ်ဖြစ်တာကတော့ Youtube ကနေ ကျွန်တော်မသိတဲ့ အကြောင်းအရာတွေ ရှာဖြစ်တယ်။ အရင်ကဆို Logic စသုံးတာကအစ တိုင်ပတ်တယ်။ ဒီမှာက သင်ပေးမယ့်ဆရာက မရှိဘူးလေ။ Logic က plugin လုပ်တာတွေ Slide Change လုပ်တာတွေကို Youtube ကနေရှာရတာများတယ်။ Software နဲ့ ပတ်သက်တဲ့ဟာတွေကိုလည်း Learn လုပ်ဖြစ်ပါတယ်။

အစ်ကို အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းလေးအကြောင်း သိပါရစေ။
အခု သုံးဖြစ်နေတာက Nokia 5800 ပေါ့။ ကျွန်တော် ဒီဖုန်းလေးကို ကိုင်ဖြစ်တာ နှစ်နှစ် သုံးနှစ်လောက်တော့ ရှိပြီ။ အခြားဖုန်းမပြောင်းဖြစ်ဘူးဆိုတာက ဒါလေးနဲ့စာရိုက်ရတာ လက်က တော်တော်ကျင့်သားပါနေပြီ။ Message ပို့တာပေါ့နော်။ ကျွန်တော် Macbook နဲ့ Calendar data တွေကို Send လုပ်ပြီးတော့ ကျွန်တော့် ဖုန်းမှာရှိတဲ့ oncall မှာ တင်ထားလို့ရတယ်။ ကျွန်တော်က သတိမေ့တတ်တော့ စာအုပ်ထဲမရေးချင်တော့ဘူး ဖုန်းထဲမှာ ဘာလုပ်ရမယ်ဆိုတာ Save လုပ်ထားတယ်။ ဒီဖုန်း မပျက်သေးသရွေ့ ဒါကိုပဲ ကိုင်ဦးမှာပါ။

အစ်ကို ဖုန်းနဲ့ အများဆုံးသုံးဖြစ်တဲ့ Function လေးက။
Message ပို့တာပေါ့၊ နောက်ပြီး Calendar data တွေမှာ ကျွန်တော် ဘာတွေ Date လုပ်ထားလဲဆိုတာ အမြဲကြည့်ဖြစ်တယ်။

သင်္ကြန်အတွက် အစ်ကို ဘာတွေပြင်ဆင်ထားလဲဆိုတာ ပြောပြပေးပါ။
လောလောဆယ် သီချင်းတွေလုပ်ထားတာပေါ့၊ သီချင်းအများကြီးလုပ်ထားတယ်။ အများကြီးလည်း စုထားဖြစ်တယ်။

သင်္ကြန်အတွင်းမှာ အစ်ကိုကို ဘယ်မဏ္႑ာပ်မှာ ရှာလို့ရနို်င်မလဲ။
အရင်တုန်းက ကျွန်တော် Channel V မှာ လုပ်ဖြစ်တာပေါ့နော်။ ဒီနှစ်တော့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အခြားမဏ္႑ပ်တစ်ခုပေါ့နော် Black Jack မဏ္႑ပ်မှာ ရှိဖြစ်မယ်ထင်တယ်။

အစ်ကို အနေနဲ့ အနုပညာနဲ့ နည်းပညာပေါင်းစပ်မှုအပေါ် ဘယ်လို ထင်မြင်ပါသလဲ။
Technology က အဓိကပဲလေ။ ယခုခေတ်က အနုပညာကတော့ ပိုအရေးကြီးတာပေါ့နော်။ Technology ရဲ့ ပံ့ပိုးမှုကလည်း ဒီခေတ်မှာ အများကြီး ဖြစ်သွားပြီ။တစ်ချို့ သီချင်းတွေဆို အနုပညာလို့ ပြောလို့မရလောက်အောင် Technology က လွှမ်းမိုးထားတယ်။ ဒါပေမယ့် နှစ်ခုလုံးပေါင်းစပ်ထားတာ ကောင်းပါတယ်။ နှစ်ခုလုံးက သင်ယူလို့ ကုန်သွားတယ်လို့တော့ မရှိဘူးပေါ့နော်။

DJ ပညာရပ်ကို စိတ်၀င်စားပြီး လေ့လာနေတဲ့ လူငယ်လေးတွေအတွက် ဘယ်လိုစတင် Learn လုပ်သင့်သလဲဆိုတာ ပြောပြပေးပါ။
ပြောချင်တာကတော့ သီချင်းများများနားထောင်ပေါ့နော်။ ကိုယ်အားသန်တဲ့ Music တစ်ခုတည်းမဟုတ်ဘူူးပေါ့နော်။ သီချင်းအမျိုးအစား အများကြီး နားထောင်ရမယ်။ ကျွန်တော်တို့ဆို Jazz တို့ Blue တို့လို Classical music တွေ နားထောင်ရတာပဲ။ သီချင်းများများနားထောင်ရင် Music တွေ ဖန်တီးတဲ့နေရာမှာ အရမ်းအကျိုးရှိတယ်။

DJ ပညာကို သင်တန်းတက်ပြီး သင်ယူမှ ထိရောက်တယ်လို့ ထင်တဲ့သူတွေလည်းရှိနေကြပါတယ်။ အစ်ကိုအနေနဲ့ရော ဘယ်လို ထင်မြင်ပါသလဲ။
ဖြစ်နိုင်ရင် သင်တန်းတက်တာ ပိုကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် လေ့လာနေတာထက်စာရင် ပေါ့။ ဆရာ မပြ နည်းမကျပေါ့နော်။ ကျွန်တော့်တို့က ဆရာမရှိဘဲ သင်ခဲ့ရတာဆိုတော့ နှစ်တွေအများကြီးကြာအောင် လေ့လာရတယ်။ ကျွန်တော်တို့ အခုဆို သင်တန်းဖွင့်ပေးထားတယ်။ ကျွန်တော်တို့ သုံးနှစ် လေးနှစ်လောက် သင်ယူ ခဲ့တာတွေကို သုံးလေးလအတွင်း တစ်ခါတည်း သင်ပေးနိုင်တယ်။ အချိန် Waste ဖြစ်တာ နည်းသွားတာပေါ့။ အဓိကက သီချင်း များများနားထောင်တဲ့သူကတော့ ပိ်ုပြီး တတ်သွားတာပေါ့။

အစ်ကိုရဲ့ သင်တန်းလိပ်စာလေး ပြောပေးလို့ရမလား။
ဟုတ်ကဲ့၊ အမှတ် 44a ၊ ပထမထပ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်ပါ။ ဆိုင်နာမည်က Myanmar DJs ပါ။

DJ ပညာကို သင်ယူရင် အချိန်ဘယ်လောက် ယူသင့်သလဲဆိုတာပြောပြပေးပါ။
ကျွန်တော်တို့ သတ်မှတ်ထားတာတော့ အနည်းဆုံး လေးလ သင်သင့်တယ်လို့ထင်ပါတယ်။ လေးလအတွင်း စက်တွေနဲ့ အမြဲထိတွေ့မယ်ဆိုရင်တော့ DJ ကောင်း တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ Production ပိုင်းကျတော့ သုံးလေးနှစ်လောက်ကြာသွားလိမ့်မယ်။ အခြေခံပိုင်တဲ့သူအတွက်တော့ တစ်နှစ် နှစ်နှစ်တော့ အချိန်ယူ ရတယ်။ ကျွန်တော်က သီချင်းတီးတဲ့ အပိုင်းကို အားပေးတယ်။ နောက်ပိုင်း မြန်မာနိုင်ငံမှာလည်း သီချင်းတီးတဲ့ DJ တွေက နာမည်ရလာတယ် ဆိုတော့လေ။

နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားလေး ပြောပေးပါဦး။
ဒီခေတ်က အရမ်းကို လွယ်ကူသွားပါပြီ။ အရင်တုန်းက သီချင်းတစ်ပုဒ်ရဖို့ နိုင်ငံခြားကနေ လှမ်းမှာရတာ။ အခုဆို Internet ကလည်း ရှိလာပြီဆိုတော့ DJ တစ်ယောက်ဖြစ်ဖို့ အရမ်းလွယ်တဲ့ခေတ်ပေါ့နော်။ DJ ဆိုတဲ့ သဘောတရားက သာမန်လူတွေထက် Music ကို ပိုနားလည်တဲ့ လူတစ်ယောက်ပေါ့နော်။ အဓိကကတော့ DJ ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် သီချင်းအများကြီး နားထောင်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

Myanmar ICT ဂျာနယ်မှ မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ DJ Wine ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ယခုထက်အောင်မြင် ကျော်ကြားတဲ့ DJ တစ်ယောက် ဖြစ်ပါစေကြောင်း ICT ၀ိုင်းတော်သားများက ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *