Mobile

HTC One SC

htc-one

တန်ဖိုးနည်း တယ်လီဖုန်းတွေ အများကြီး အသုံးပြုခွင့် ချထားပေး နေချိန်တွေမှာ ဆက်သွယ် ရေးစနစ် နှစ်မျိုးလုံး သုံးစွဲနိုင်မယ့် ဟန်းဆက် တွေက သုံးစွဲသူတွေအတွက် အကောင်းဆုံး စွမ်းဆောင်ပေး နိုင်ပါလိမ့် မယ်။ စီးပွားရေးတွက် တွက်မယ် ဆိုရင်လည်း စနစ်နှစ်မျိုးလုံး သုံးစွဲနိုင်မှာ အဆင်ပြေစေမှာပါ။

General
အသုံးပြုနိုင်မယ့် ဆက်သွယ်ရေး ကွန်ယက်တွေက CDMA 800/ 1900နဲ့ GSM 900/1800/1900တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်းဆက် တစ်ခုတည်းနဲ့ Simနှစ်ခုလုံးကို အပြည့်အ၀ အသုံးချ နိုင်မှာပါ။

Body
ကိုယ်ထည်ပိုင်းကို အကြမ်းခံ ပလတ်စတစ် အသား ဦးစားပေး တည်ဆောက်ထားပြီး အမြင့် ၅.၀၄ လက်မ၊ အကျယ် ၂.၆၃ လက်မနဲ့ အထူ ၀.၃၅ လက်မပဲ ရှိမှာ ဖြစ်လို့ ကိုင်တွယ် ရတာ အဆင်ပြေမှာပါ။ အလေးချိန် စုစုပေါင်းက ၁၁၆ ဂရမ် (၄.၀၉ အောင်စ)ပဲ ရှိပါ လိမ့်မယ်။

Display
အသုံးပြုထားတဲ့ Screen အမျိုးအစားက Super LCD2 ဖြစ်ပြီး Touch screen စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ကာ ပြသပေးနိုင်မယ့် အရောင်က ၁၆၀၀၀၀၀ ထိအောင်ဖြစ်လို့ ရုပ်ထွက်ပိုင်းကတော့ စိတ်ကြိုက် ဖြစ်စေမှာပါ။ ပြသပေးနိုင်မယ့် Screenအကျယ်က ၄.၃ လက်မပဲ ရှိမှာ ဖြစ်တာကြောင့် အနည်းငယ် ကျဉ်းတယ်လို့ ပြောနိုင်ပါတယ်။ Resolutionက 480×800 Pixel ဖြစ်ပါတယ်။

Sound and Memory
Alert လုပ်ပေးနိုင်မယ့် ပုံစံတွေက Vibration အပြင်၊ MP 3နဲ့ WAV အမျိုးအစား Fileတွေကို Ringtoneအဖြစ် သုံးစွဲနိုင်ပါလိမ့်မယ်။ Loud Speaker ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပြီး Headphone အတွင်း ၃.၅ မီလီ မီတာ Jack တစ်ခုလည်း ထည့်သွင်းထားပါတယ်။
RAM 1 GB ပါရှိမှာ ဖြစ်ပြီးတော့ Internal Memoryက 4 GBကို Built-in ပါ၀င်ပါလိမ့်မယ်။ Micro SD အမျိုးအစားကို အသုံးပြုပြီးတော့ Extended Memoryအဖြစ် တိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ကာ 32 GBအထိ Extended လုပ်နိုင်ပါလိမ့်မယ်။

Data and Camera
Wi-Fiအတွက် 802.11 b/g/n တပ်ဆင်ပါ၀င်ပြီး Bluetooth v4.0ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် Smart Deviceဖြစ်တယ်ဆိုတာ မငြင်း နိုင်ပါဘူး။ micro USBv2.0ကိုတော့ Data In/Outအတွက် ထည့်သွင်း ထား တာ တွေ့ရပါတယ်။ 5 Mega Pixelရှိ Cameraပါ၀င်မှာ ဖြစ်ပြီး Pixelနှုန်းက 2592×1944 ရှိမှာ ဖြစ်ပါတယ်။ LED Flash Light ပါ၀င်တဲ့ အပြင် Auto Focusကိုပါ သုံးစွဲနိုင်မှာကြောင့် အချိန်မရွေး ပုံရိပ်တွေ ဖမ်းယူ နိုင်မှာပါ။ Geo-tagging, Touch Focusနဲ့ Face Detection တွေကိုပါ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Video ရိုက်ကူးနိုင်မှုမှာတော့ 720 Pixelနှုန်းနဲ့သာ ရိုက်ကူးနိုင်မှာ ဖြစ်လို့ အားနည်းမှု ရှိပါတယ်။

Features
Android OS အမျိုးအစားကို အသုံးပြုထားပြီးတော့ Versionက v4.0 (Icecream Sandwich) ဖြစ်ပါတယ်။ CPUက Dual Coreဖြစ်ပြီး အမြန် နှုန်းက 1 GHz ဖြစ်လို့ ထိပ်တန်းဖုန်းတွေလောက်တော့ မြန်ဆန်မှု မရှိပါဘူး။ Messagingတွေ အဖြစ် SMS, MMS, Emailနဲ့ Push Emailတွေ လုပ်ဆောင် သုံးစွဲနိုင်မှာပါ။ Browser အမျိုးအစားက HTML ဖြစ်ပြီးတော့ GPSလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ အရောင်မှာ အဖြူ၊ အနက်နဲ့ လိမေ္မာ် ရောင်တွေ ထုတ်လုပ်ဖြန့်ချိထားတာ တွေ့ရပါတယ်။

Battery and Price
Battery အမျိုးအစားမှာ Li-ionဖြစ်ပြီး Capacityက 1800 mAh ရှိပါတယ်။ အချိန်ဘယ်လောက် အတိုင်းအတာထိ သုံးစွဲနိုင်မယ်လို့ မပြော ပေမယ့် Capacity အရတော့ အသုံးခံနိုင်မှာပါ။ ဈေးနှုန်းက ၂၉၀,၀၀၀ကျပ် ၀န်းကျင်ဖြစ်ပြီး iTech Mobile ဖုန်း -၀၁-၂၅၂ -၉၀၂မှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: www.gsmarena.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

One thought on “HTC One SC

  1. ei hnin phyo says:

    ့ုၾကိုက္တယ္ ပိုက္ဆံမရွိဘူး

Leave a Reply

Your email address will not be published. Required fields are marked *