Mobile

HUAWEI

huawei-phone

Huawei ဟန်းဆက်တွေဟာ မြန်မာပြည် ရဲ့ မိုဘိုင်းကွန်ယက်နှင့် ကိုက်ညီစွာ ထုတ် လုပ်ထားတဲ့အပြင် အရည်အသွေးပိုင်းမှာ အပြစ်ဆိုဖွယ် မရှိလောက်အောင်ပါပဲ။ ဈေးနှုန်းပိုင်းကို ကြည့်ရင်လည်း လူတန်း စားမရွေး အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ Huawei စမတ်ဖုန်းတွေဟာ အဆင့်မြင့် နည်းပညာတွေကို အသုံးပြု ထားပြီး ဖုန်းဒီဇိုင်း အသွင်အပြင်ကိုလည်း တစ်မျိုးနဲ့ တစ်မျိုး မရိုးနိုင်အောင် ဆန်းသစ် တီထွင် ထုတ်လုပ်ထားတာ တွေ့ရ ပါတယ်။ မကြာသေးမီကမှ ပြည်တွင်းဈေးကွက်ထဲသို့ ၀င်ရောက်လာတဲ့ နောက်ဆုံး ပေါ် နည်းပညာသုံး စွမ်းအားပြည့် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Ascend D2 စမတ်ဖုန်းကို အိုင်စီတီ ပရိသတ်တွေအတွက် မိတ်ဆက် ပေးလိုက်ရပါတယ်။

Ascend D2မှာ ပါ၀င်တဲ့ အချက်အလက်တွေက အားရစရာ ကောင်းနေ ပါတယ်။ ၅လက်မ အရွယ်အစား Full HD Display မျက်နှာပြင်၊ 13MP Camera BSI&HDR၊ Quad Core 1.5GHz Processor၊ 3000 mAh Battery၊ Dust and Water Resistant အစရှိတဲ့ နောက်ဆုံးပေါ် နည်းပညာ တွေကို Ascend D2မှာ တပ်ဆင် ပေးထားတဲ့အတွက် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးရဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရပါမယ်။

Revolutionary 5’’ FHD Screen
ဖုန်းမျက်နှာပြင်ကို ၅လက်မ အရွယ်အစားရှိတဲ့ Super Retina LCD ဖန်သားပြင်ဖြင့် တပ်ဆင်ပေးထားတဲ့အတွက် ၀င်းလက် တောက်ပတဲ့ ပုံရိပ်တွေကို ခံစားကြည့်ရှုနိုင်မှာပါ။ Resolutionကတော့ 1920×1080 အထိ ရရှိသောကြောင့် Full HD အရည်အသွေးရှိ ဗီဒီယိုတွေကို ရုပ်ထွက် ကြည်လင် ပြတ်သားစွာ ပေးစွမ်းနိုင်ပါတယ်။ တစ်လက်မမှာ ထောက်ပံ့ပေး ထားတဲ့ Pixel ပမာဏကတော့ 443 ppi ရှိတဲ့အတွက် သဘာ၀အရောင် အရည်အသွေးအတိုင်း တိကျမှန်ကန်စွာ ဖော်ပြပေးပါလိမ့်မယ်။ ဖုန်း မျက်နှာပြင် ထိခိုက် ပွန်းပဲ့မှာကို စိုးရိမ်ပူပန်နေသူ များအတွက် Ascend D2 မျက်နှာပြင်မှာ Corning Gorilla Glassလို့ခေါ်တဲ့ အရည်အသွေး ကောင်းမွန်သော ဖန်သားပြင်ကို တပ်ဆင်ထားပေးတဲ့အတွက် ထိခိုက် ပွန်းပဲ့မှုဒဏ်ကို အကောင်းဆုံး ကာကွယ် ပေးနိုင်ပါတယ်။ ရေစိုဒဏ်နှင့် ဖုန်မှုန့်တွေ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးမယ့် (Dust and Water Resistant IPX 5/4) မျက်နှာပြင်ကိုလည်း ထည့်သွင်း ပေးထားပါသေးတယ်။

13MP Camera with BSI and HDR
Ascend D2ရဲ့ ကင်မရာ စွမ်းဆောင်ရည်ပိုင်းကတော့ အံသြစရာ ကောင်းလောက်အောင်ပါပဲ။ 13MP စွမ်းရည်ရှိတဲ့ ကင်မရာ အရည်အသွေး က ထိပ်တန်း အဆင့်ရှိတဲ့ စမတ်ဖုန်းတွေရဲ့ ကင်မရာ စွမ်းဆောင်ရည်နှင့် တူညီမှု ရှိပါတယ်။ BSI Rear-Facing ကင်မရာ အမျိုးအစားဖြစ်ပြီး ရုပ်ပုံတွေကို အသေးစိတ် ဖမ်းယူနိုင်တဲ့ နည်းပညာကို ထည့်သွင်း ပေးထား ပါတယ်။ Ascend D2ရဲ့ ကင်မရာထဲမှာ တခြား စမတ်ဖုန်းတွေထက် ISO Sensitivity Levelကို မြှင့်တင်ပေးထားတာ တွေ့ရပါတယ်။ Front-Facing ကင်မရာငယ်က 1.3MP HD စွမ်းရည် ရှိပါတယ်။ ကင်မရာရဲ့ Features ပိုင်းကို ကြည့်မယ် ဆိုရင်တော့ (Geo-Tagging, Face Dectection, HDR, Auto Focus, LED Flash) အစရှိတဲ့ စနစ်တွေ ပါ၀င်ပါတယ်။

Hardware & OS
စမတ်ဖုန်း သုံးစွဲသူတွေနဲ့ အဆင်ပြေစေတဲ့ Android OS 4.1 (Jelly Bean)ကို အသုံးပြု ပေးထားပါတယ်။ Ascend D2ရဲ့ ထူးခြားချက်ကတော့ Memoryပိုင်းကို ပုံမှန် အသုံးပြုနေကျ 1GB RAM အစား 2GB RAM အထိ တိုးခဲျ့ တပ်ဆင်ထားတာ တွေ့ရမှာပါ။ အချက်အလက်တွေ သီချင်းတွေ ဗီဒီယို ဖိုင်တွေကို လုံလောက်စွာ သိမ်းဆည်းပေးမယ့် Internal Storage ကိုတော့ 32GB အထိ ပါရှိပါတယ်။ ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကို ကောင်းမွန် စေဖို့အတွက် Quad Core CPUကို တပ်ဆင်ပေးထားပြီး အမြန်နှုန်း 1.5GHz ရှိပါတယ်။ Chipset အမျိုးအစားကတော့ Huawei K3V2ပဲ ဖြစ်ပါတယ်။

Design & Body
Huawei Ascend D2ရဲ့ ဒီဇိုင်းပိုင်း ဆိုင်ရာမှာလည်း ခေတ်ဆန်ပြီး စွဲမက်ဖွယ် ကောင်းလောက်အောင် စမတ်ကျတဲ့ ဒီဇိုင်းပုံစံရှိပြီး အလူမီနီယံ ကိုယ်ထည်နှင့်အတူ သတ္တုသားဖြင့် ဘောင်ခတ်ပေးထားပါတယ်။ Ascend D2ရဲ့ အလေးချိန်ဟာ 170gရှိပြီး ဖုန်းကိုယ်ထည် အထူကတော့ 9.4mm အထိ ပါးလွှာမှု ရှိတဲ့အတွက် လက်ထဲမှာ သက်သောင့်သက်သာဖြင့် သွားလေရာကို အလွယ်တကူ ကိုင်ဆောင်သွားနိုင်မှာပါ။

Connectivity
GSM ကွန်ယက်စနစ်သုံး စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ (GSM 850/900/1800/1900 MHz )နှင့် (UMTS 850/900/2100 MHz)အစရှိတဲ့ ကွန်ယက်စနစ်တွေမှာ အသုံးပြုနိုင်ပါ တယ်။ Wi-Fi အင်တာနက်ကို ချိတ်ဆက် အသုံးပြုနိုင်ရန် 802.11 a/b/g/n, Dual-Band, DLNA, Wi-Fi Direct, Wi-Fi Hotspot အစရှိတဲ့ ကြိုးမဲ့ ကွန်ယက်စနစ်တွေ ပါ၀င်တာ တွေ့ရမှာပါ။ Bluetooth 4.0, Micro USB စတာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Battery & Price
Ascend D2ရဲ့ ဘက်ထရီ သုံးစွဲမှုအပိုင်းမှာ အင်တာနက် ကြည့်ရှုခြင်း နှင့် ဂိမ်းကစားခြင်းတို့ကို အချိန် ကြာမြင့်စွာ အသုံးပြုနိုင်ရန်အတွက် ဘက်ထရီ စွမ်းအားကို 3000 mAhအထိ သုံးစွဲ ပေးထားတာ တွေ့ရပါတယ်။ Huawei ကုမ္ပဏီရဲ့ နည်းပညာ တစ်မျိုးဖြစ်တဲ့ QPC and ADRX Smart Power-Saving Technologyကို Ascend D2မှာ ထည့်သွင်း ပေး ထားတဲ့ အတွက် တူညီတဲ့ လျှပ်စစ် ဓာတ်အား အခြေအနေ တစ်ခု အောက်မှာ ဖုန်းအား သွင်းချိန်ဟာ တခြား စမတ်ဖုန်းတွေထက် အချိန် ၃၀ ရာခိုင်နှုန်း လျှော့ချ ပေးထားတဲ့ အတွက် အချိန်တိုအတွင်း ဘက် ထရီအား အပြည့် သွင်းနိုင်မှာ ဖြစ်ပါတယ်။ စမတ် ဖုန်း သုံးစွဲသူ တွေ အတွက် အရောင်နှစ်မျိုး ထုတ်လုပ်ပေးထားပြီး (Crystal Blueနှင့် Pure White)ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။ Huawei Ascend D2ရဲ့ တန်ဖိုးကတော့ လေးသိန်းကျပ် ၀န်းကျင်ရှိပြီး ပြည်တွင်းဈေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။

author-avatar

About Jet Sin

အမည်ရင်းမှာ ရဲဇော်ထက်ဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

2 thoughts on “HUAWEI

  1. Ng Christopher says:

    I don’t believe in Huawei, not for Quality but for Data Security.

  2. sithusoepaing says:

    huawei hanset တွေကဈေးသင့်ပြီးကောင်းတတ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *