News

Microsoftက Windows 8.1ကို ဒေါ်လာ ၁၂၀သတ်မှတ်

လက်ရှိမှာ အသုံးပြုနေကြတဲ့ Windows 8ရဲ့ Next-genဖြစ်တဲ့ Windows 8.1ကို Microsoftက ဒေါ်လာ ၁၂၀နဲ့ တရား၀င် ရောင်းချသွားမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ Windowsတွေ၊ Softwareတွေကို အလွယ်တကူ CDတွေ၀ယ်ယူလို့ ရပေမယ့် ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံကြီးတွေမှာတော့ ပိုက်ဆံပေး သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ Windows 8.1ကို ဒေါ်လာ တစ်ရာ့နှစ်ဆယ် သတ်မှတ်ထားပေမယ့် လက်ရှိ Windows 8 Userတွေကိုတော့ Free Upgradeလုပ်ခွင့် ပေးထားပါတယ်။

Windows 8.1သာမက Windows 8.1 Proဆိုတာလည်း ရှိပါသေးတယ်။ အဆိုပါ Windows 8.1 Proကို ၀ယ်ယူသုံးစွဲမယ် ဆိုရင်တော့ ဒေါ်လာ ၂၀၀ခန့် ကျသင့်မှာပါ။ ဒါမှမဟုတ် Windows 8.1ကနေ Proကို တက်ပြီး သုံးချင်ရင်တော့ ဒေါ်လာ တစ်ရာခန့် ထပ်ဆောင်း ပေးရမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၂၀တန်တဲ့ Windows 8.1ဟာ အခြား Windowsဗားရှင်း အဟောင်းတွေ ထည့်သွင်းထားစရာ မလိုဘဲ တန်းပြီးတော့ Installလုပ်ကာ သုံးနိုင်မယ်လို့ သိရပါတယ်။
Microsoftရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ Windows 8.1ကို လာမယ့် အောက်တိုဘာ ၁၈ရက်နေ့၊ နယူးဇီလန်နိုင်ငံမှာ ပွဲထုတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Windows 8.1မှာ တိုးတက်မှုတွေ များစွာ ပါ၀င်လာပါတယ်။ Featureအသစ်တွေ ထည့်သွင်းပေးထားရုံမက Windows 8မှာ မပါ၀င်ခဲ့တဲ့ Start Buttonကိုလည်း ဖန်တီးပေးထားပါတယ်။ Microsoftက ဖြန့်ချိမယ့် နေ့ရက်ကို မစောင့်နိုင်တဲ့ လူတွေအတွက်တော့ ဒီနေရာမှာ Windows 8.1ကို Previewလေ့လာ လို့ရပါတယ်ခင်ဗျာ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

2 thoughts on “Microsoftက Windows 8.1ကို ဒေါ်လာ ၁၂၀သတ်မှတ်

  1. ဒီ page ကိုကြိုက်သွားပြီ။ မြန်မာလိုပေါ်တယ်ဗျ။

  2. မသုံးဘူးလို.ပြောလိုက်ပါလား။ကျနော်တိုနဲ.က 7 နဲ.ပဲ ok နေပီပဲ

Leave a Reply

Your email address will not be published. Required fields are marked *