Review

Android Autoစနစ်တပ်ဆင်ထားတဲ့ Audi A3ကို လေ့လာကြည့်ခြင်း

Android Autoစနစ်တပ်ဆင်ထားတဲ့ Audi A3ကို လေ့လာကြည့်ခြင်း

Googleက သင့်ရဲ့ အိတ်ကပ်၊ လက်ကောက်၀တ်၊ စားပွဲခုံတွေမှာသာမက သင့်ကားထဲမှာတောင် ၀န်ဆောင်မှုပေးချင်နေတာပါ။ သင်လက်ရှိစီးနင်းနေတဲ့ ကားမှာမဟုတ်ပေမယ့် အနာဂတ်မှာ ထုတ်လုပ်မယ့်ကားများမှာ Googleရဲ့ ၀န်ဆောင်မှုကို တွေ့မြင်ရမှာပါ။

ဇွန်လ ၂၅ ရက်က ကျင်းပခဲ့တဲ့ Google I/O Conferenceမှာ Googleက မော်တော်ကားများအတွက် Android Autoကို ကြေညာခဲ့ပါတယ်။ Android Autoဟာ Appleရဲ့ CarPlayနဲ့ ဆင်တူပြီး စမတ်ဖုန်းကို ထုတ်စရာမလိုဘဲ ကားထဲမှာ ဖုန်းခေါ်ဆိုတာ၊ သီချင်းဖွင့်တာနဲ့ တည်နေရာညွှန်ပြချက်များ ကြည့်ရှုတာတွေကို ပြုလုပ်နိုင်မှာပါ။ အဲဒီအတွက် ယာဉ်မောင်းသူနဲ့ ယာဉ်ပေါ်စီးနင်းသူများရဲ့ လုံခြုံရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။

Google I/O ပွဲမှာ Android Auto တပ်ဆင်ထားတဲ့ အနီရောင် Audi A3ကားကို The Next Webက လေ့လာခွင့်ရခဲ့ပါတယ်။ ကားရဲ့ အရှေ့ဘက်မှာ ကြီးမားတဲ့ မျက်နှာပြင်တစ်ခုတပ်ဆင်ထားပြီး တည်နေရာညွှန်ပြမှုများကို ပြသထားပါတယ်။

Googleက ကားမောင်းနေရင်းက မျက်နှာပြင်ကို ထိတွေ့အသုံးပြုစရာမလိုအောင် ပြုလုပ်ပေးထားပါတယ်။ အသံနဲ့ ခိုင်းစေနိုင်ပြီး Android Autoက အသံနဲ့ ပြန်လည်ဖြေကြားပေးမှာပါ။ တည်နေရာတစ်ခုကို အသံနဲ့ လမ်းညွှန်ခိုင်းလိုက်တာနဲ့ Android Autoက တည်နေရာကို လမ်းညွှန်နေပြီဖြစ်ကြောင်း အသံနဲ့ ပြောဆိုပါလိမ့်မယ်။

Android_auto_15-730x410

ဖုန်းတွေကို ထုတ်ပြီး အသုံးပြုစရာမလိုတဲ့အတွက် ယာဉ်အန္တရာယ်ကင်းရှင်းစေမှာပါ။ Audio Appများကို တွဲဖက်ပေးထားတာကလည်း ကောင်းမွန်ပါတယ်။ Google Musicအပြင် Spotify, Pandora, MLBတို့ အပါအ၀င် Appဆယ်ခုပါရှိပါတယ်။ Main Screenကို Appရဲ့ အရောင်များနဲ့ လိုက်ဖက်ညီအောင် ပြုလုပ်ပေးထားပါတယ်။ Appတစ်ခုအတွက် သီးခြားကဏ္ဍများ ထည့်သွင်းနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုတွေ၊ စာပေးပို့မှုတွေကို အသံနဲ့ ခိုင်းစေနိုင်ပါတယ်။

Android Autoဟာ Googleရဲ့ Open Automotive Allianceရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ Audiအပြင် Android Autoတပ်ဆင်ထားတဲ့ Kiaကားကိုလည်း တွေ့ရပါတယ်။ Mazda, Ford, Subaru, Volkswagenနဲ့ အခြားကားများမှာလည်း အနာဂတ်မှာ Android Autoကို တပ်ဆင်မှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *