Review

လူတွေရဲ့ စိတ်ခံစားမှုကို သိရှိတဲ့ Intelရဲ့ ကွန်ပြူတာ

လူတွေရဲ့ စိတ်ခံစားမှုကို သိရှိတဲ့ Intelရဲ့ ကွန်ပြူတာ

နည်းပညာနယ်ပယ်မှ ထိပ်သီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Intelက 3D နည်းပညာလောကထဲ ၀င်ရောက်လာပါပြီ။ Intelက သူ့ရဲ့ နည်းပညာကို RealSenseလို့ အမည်ပေးထားပြီး လူတွေရဲ့ စိတ်ခံစားမှုကို သိနိုင်တယ်လို့ ဆိုပါတယ်။

Intelက RealSenseနည်းပညာကို ပြောဆိုနေတာကြာပြီဖြစ်ပြီး သူတို့နည်းပညာကို လေ့လာနိုင်မယ့် YouTube Channelတစ်ခုကို ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် Microsoftရဲ့ 3D နည်းပညာတစ်ခုဖြစ်ပြီး Xbox ဂိမ်းစက်များမှာ တပ်ဆင်ပေးထားတဲ့ Kinectထက် RealSenseဟာ သာလွန်တယ်ဆိုတာကိုတော့ ဖွင့်ပြောတာ အခုအကြိမ်ဟာ ပထမဆုံးပါပဲ။ RealSenseဟာ လူတွေလိုပဲခံစားချက်နဲ့ အလုပ်များလုပ်ပေးမှာပါ။ ဒါမှမဟုတ် လူတွေရဲ့ ခံစားချက်ကို သိနိုင်မှာပါ။

ဒီတစ်ပတ်ထဲမှာ Intelက သူ့နည်းပညာရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်တွေကို နယူးယောက်မြို့မှာ မီဒီယာသမားအနည်းငယ်ကို ပြသခဲ့တယ်လို့ သိရပါတယ်။ RealSense 3D Cameraတွေဟာ လူတွေရဲ့ နှုတ်ခမ်း၊ မျက်လုံးနဲ့ မေးရိုးများရဲ့ ပုံစံကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် မောပန်းမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုစတဲ့ လူတွေရဲ့ စိတ်ခံစားမှုတွေကို သိရှိအာရုံခံနိုင်တယ်လို့ Intelမှ ပြောရေးဆိုခွင့်ရှိသူ Ellen Healyက Business Insiderကို အီးမေးမှတဆင့် ပြောကြားထားပါတယ်။

Healyက 1080p Resolutionနဲ့ အရည်အသွေးမြင့် Sensorများတဲ့ RealSense 3D Cameraများဟာ လူတွေရဲ့ နောက်မှ Backgroundများကို သိရှိဖယ်ရှားနိုင်ခြင်း၊ 3D Scanပြုလုပ်နိုင်ခြင်း၊ လက်ချောင်းဆယ်ချောင်းရဲ့ လှုပ်ရှားမှုကို သိနိုင်ခြင်း စတဲ့ စွမ်းဆောင်ချက်တွေရှိတယ်လို့ ပြောပါတယ်။

လူတွေမှာ သုံးဖက်မြင်နိုင်တဲ့စွမ်းရည်ရှိတဲ့အတွက် စက်ရုပ်တွေမှာလည်း သုံးဖက်မြင်အာရုံရှိသင့်ပါတယ်လို့ Perceptual Computingမှ CTOဖြစ်သူ Achin Bhowmikက ပြောပါတယ်။ စက်တွေက သင့်ကို သိရှိပြီး သင့်ခံစားချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါင်းသင်းဆက်ဆံနိုင်မှာပါ။ စက်ရုပ်တွေက သင်၀မ်းနည်းနေရင် “မင်းဘာလို့ ၀မ်းနည်းနေတာလဲ။ ငါသီချင်းတစ်ပုဒ်ဆိုပြမယ်လေ။” လို့ ပြောနိုင်လာတဲ့ တစ်နေ့ဟာ အလွန်အံ့သြ၀မ်းမြောက်စရာပါလို့ သူက ဆက်ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *