News

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် ဌာန Hot Lineသို့ နေ့စဉ် ဖုန်းခေါ်ဆို ဝေဖန် အကြံပြုမှု များပြား

hot-line

နိုင်ငံတော် သမ္မတရုံး၏ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်ဌာန ၏ Hot Lineသို့ နေ့စဉ် ဖုန်းခေါ်ဆိုကာ ဝေဖန် အကြံပြုသူ များပြားနေကြောင်း၊ အဆိုပါ Hot Lineထံမှ သိရသည်။ ပြည် သူများနေ့စဉ် ကြုံတွေ့နေရသော ဌာန ဆိုင်ရာ အခက်အခဲများကို ဝေဖန် အကြံပြု နိုင်ရန် အဆိုပါ ဌာန၏ Hot Lineကို ဖွင့်လှစ် ပေးထားခြင်း ဖြစ်ပြီး၊ ဌာနဆိုင်ရာများ ပညာ ပြလျှင် ဖုန်းဆက်ကာ တိုင်ကြား နိုင်ကြောင်း၊ နေ့စဉ်ထုတ် သတင်းစာများတွင် ကြေညာ ထားခြင်း ဖြစ်သည်။ “နေ့စဉ် အကြံပြုကြတဲ့ ပြည်သူ တွေရဲ့ ဖုန်းတွေက တချို့ရက် တွေမှာ ဖုန်းခေါ်ဆိုမှု ၁၃၃ခုလောက် ဝင် တာ ရှိပါတယ်။ ကြားရက်တွေမှာတော့ တစ် နေ့ကို ၃၀လောက် ဝင်တာလည်း ရှိပါတယ်။ ပုံမှန်တော့ မရှိပါဘူး”ဟု အဆိုပါ Hot Line ဝန်ဆောင်မှု၏ ဖြေကြားချက်အရ သိရ သည်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်း များ စွမ်းဆောင်ရည် အကဲဖြတ်ဌာန၏ Hot Lineကို မတ်လ ၂၂ရက်နေ့ ဝန်းကျင်တွင် စတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ဝေဖန် အကြံပြုချက်များသည် မြေစာရင်းရုံးနှင့် ပတ်သက်မှုများ၊ မကြာသေးမီက ဖြစ်ပေါ် သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ဌာနက ဘယ်လို ဖြေရှင်းပေးမည်လဲ စသဖြင့် ဖုန်း ဆက်ပြီး မေးကြကြောင်း၊ ၎င်းတို့ကို ဖုန်း လက်ခံပြီး သမ္မတရုံးကို စာပြန်တင်ပေးရ ကြောင်း၊ ထိုမှ ပြည်သူ့စွမ်းဆောင်ရည် အဖွဲ့ က လုပ်ဆောင်ပြီးစီးမှုတွေကို သတင်းစာ တွင် ကြေညာပေးကြောင်း သိရပါသည်။ ပြည်သူများ၏ ဝေဖန် အကြံပြု တိုင်ကြားမှု များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနအလိုက် တု့ံပြန်အောင် ဆောင်ရွက်မှု များကို ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ် ဆိုက် တွင်လည်း ထုတ်ပြန်ပေးလျက် ရှိ သည်။ ယင်းသို့ ဝေဖန် တိုင်ကြားမှုများကို မေလ ၂၀ရက်နေ့အထိ တုံ့ပြန် ဆောင်ရွက် ပေးရာ တွင် ပညာရေး ဝန်ကြီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဘဏ် လုပ်ငန်းဆိုင်ရာ မေးမြန်းမှုများကို ပြန်လည် ဖြေကြား ဆောင်ရွက်ပေးထား ကြောင်း တွေ့ရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။