Apps, Review

တစ်ကမ္ဘာလုံးက လူတွေနဲ့ ကာရာအိုကေ တူတူဆိုရအောင်

တစ်ယောက်ထဲ သီချင်းဆိုရတာနဲ့ စာရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ပြီး သီချင်းဆိုရတာ ပိုပျော်စရာကောင်းပါတယ်။ ဒီထက်ပိုပြီး တစ်ကမ္ဘာလုံးက သူငယ်ချင်း မိတ်ဆွေတွေနဲ့ သီချင်း တူတူ ဆိုရရင်တော့ ပျော်စရာ အကောင်းဆုံး ခံစားမှုတွေရရှိမှာပါ။ Sing! Karaoke ဆိုတဲ့ Android / iOS App က ဒီသဘောတရားကို အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်။ Glabal Karaoke Party ဖြစ်ပြီး တစ်ကမ္ဘာလုံးက မည်သူမဆိုပါ၀င်နိုင်ပါတယ်။

Ashampoo_Snap_02

Ashampoo_Snap_03

အပြင် က ကာရာအိုကေ ခန်းမတွေမှာ လိုပဲ Sing! က သီချင်း စာသားတွေ ဖော်ပြပေးနေမှာဖြစ်ပြီး သံစဉ် တွေကို တီးခတ်ပေးနေမှာဖြစ်ပါတယ်။ ဆိုနေတဲ့ သီချင်းတွေကိုလည်း Record လုပ်ထားလို့ရပြီး Effects တွေထည့်သွင်းနိုင်သလို ဆိုထားတဲ့သီချင်းကိုလည်း Facebook လို Social Media တွေမှာ Share လုပ်နိုင်ပါတယ်။ သီချင်းသီဆိုသူတွေကိုလည်း အမှတ်ပေး တဲ့ အစီအစဉ် လည်းရှိတဲ့အတွက် ပျော်စရာပိုကောင်းပါတယ်။ ကမ္ဘာ အ၀န်းကလူသားတွေ စုဖွဲ့ပြီးသီဆိုဖို့ နှစ်ယောက်တွဲသီဆိုဖို့ လည်း ပြုလုပ်နိုင်ပါတယ်။

Sing! က သီဆိုတဲ့သူတွေရဲ့တည်နေရာတွေကို Google Map လိုမြေပုံနဲ့ ပြပေးနိုင်ပါတယ်။ Sing! အသုံးပြုသူတွေဟာ ကမ္ဘာ အနှံ့ က သီဆိုသူတွေရဲ့ သီချင်းတွေကိုလည်း Live နားထောင်နိုင်ပါတယ်။ လူကြိုက်များတဲ့သီချင်းတွေ ၊မကြာမီက သီဆိုထားတဲ့သီချင်းတွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
Sing! က အခမဲ့ အသုံးပြုနိုင်ပေမယ့် ကန့်သတ်ချက်အနည်းတော့ရှိပါတယ်။အဲဒါကတော့ ထွက်ရှိတာမကြာသေးတဲ့ သီချင်းတွေကို အခမဲ့သီဆိုလို့မရဘဲ ပိုက်ဆံပေးသီဆိုရတာဖြစ်ပါတယ်။ နှစ်ယောက်တွဲ သီချင်း တွေ၊ အဖွဲ့လိုက်သီဆိုရတဲ့ သီချင်းတွေကတော့ အခမဲ့ ဖြစ်ပါတယ်။

Record လုပ်ဖို့ အတွက် iDevice ရဲ့ Built-In Microphone ကို အသုံးပြုရမှာပါ။ သီချင်းသီဆိုဖို့အတွက် Headphone တွေကိုအသုံးပြုမှသာ အသံ အရည်အသွေး ကောင်းမွန်မှာဖြစ်ပါတယ်။

Sing! က ကာရာအိုကေ သီဆိုရတာကိုနှစ်သက်တဲ့ သူတွေအတွက်တော့ အခမဲ့သီဆိုနိုင်တဲ့ ပျော်ရွှင်စရာကောင်းတဲ့ Fun App တစ်ခုဖြစ်ပါတယ်။ ကမ္ဘာအ၀န်းက လူတွေနဲ့ အဖွဲ့လိုက်သီဆိုရတာဟာလည်း ရင်ခုန် ပျော်ရွှင်စရာ ခံစားမှုကိုရရှိစေမှာပါ။

Sing! ကို iOS 6.0 နဲ့ သူ့အထက် ဗားရှင်းတွေမှာသုံးနိုင်ပြီး iPhone,iPad, iPod Touch တို့မှာသုံးနိုင်ပါတယ်။ Android Device တွေမှာတော့ Android 4.0 နဲ့ သူ့အထက်မှာသုံးနိုင်ပါတယ်။

https://itunes.apple.com/ca/app/sing%21-karaoke-by-smule/id509993510?mt=8

https://play.google.com/store/apps/details?id=com.smule.singandroid

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *