News

Android Appတွေ အလွယ်တကူ ရယူနိုင်မယ့် Site

Android OSကို ဖန်တီးထားတဲ့ Googleဟာ ၎င်းတို့ရဲ့ OSအတွက် Appတွေကို Google Play Storeမှာ စီစဉ်ပေးထား ပါတယ်။ ဒါပေမယ့် အဆိုပါ Google Playဟာ Deviceတစ်ခုခုနဲ့ Registerလုပ်ထားဖို့ လိုအပ်တာကြောင့် အဲလိုမလုပ်ထားတဲ့ Userတွေ အနေနဲ့ Downloadဆွဲချင်ရင် အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် APK Drawer ဆိုတဲ့ Siteကို တင်ပြပေးလိုက် ပါတယ်။ အဆိုပါ Websiteဟာ Google Playလိုမျိုးပဲ Appတွေ တစ်ခုစီကို ရှင်းလင်းချက်တွေ၊ Screenshotတွေနဲ့ တကွ Free Downloadရအောင်ပါ စီစဉ်ပေးထားတာပါ။ ဘယ်Account, Deviceနဲ့မှ Registerလုပ်စရာ မလိုဘဲ သင့်ရဲ့ ကွန်ပျူတာနဲ့ တစ်ခါတည်း Apkဖိုင်ကို Downloadဆွဲနိုင်မှာ ဖြစ်ပါတယ်။

Game, Appစတာတွေ အစုံအလင်ရှိတဲ့ Android Market Placeတစ်ခု လည်းဖြစ်ကာ ရိုးရှင်းလွယ်ကူတဲ့ ပုံစံနဲ့ စီစဉ်ပေးထားတာ မို့လို့ မြန်မာအိုင်စီတီ ပရိသတ်တွေ Android Appအလွယ်တကူ ရယူနိုင်ရန် ဒီSiteလေးကို ညွှန်းလိုက် ရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Android Appတွေ အလွယ်တကူ ရယူနိုင်မယ့် Site

  1. iosတွေလည်းသိချင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *