Apps

FileMaker Pro 12

သင့်အနေနဲ့ ကိုယ့်ရဲ့ Database ကို iPad၊ iPhone နှင့် Mac များပေါ်တွင်သာမက Web နှင့် Windows ပေါ်တွင်ပါ ထိန်းချုပ် ကွပ်ကဲချင်တယ်ဆိုရင်တော့ File Maker Pro ကို အသုံးပြုကြည့် ရမှာ ဖြစ်ပါတယ်။ နောက်ထပ် Film Maker ရဲ့ ထူးခြားတဲ့ အချက်ကတော့ ၄င်းဟာ Windows အနေနဲ့ ဆိုရင် DOS မှာကတည်းက ရှိနှင့်နေပြီး Apple မှာဆိုရင်လည်း Apple Macintosh စကတည်းက ထွက်ပေါ်နေခြင်း ဖြစ်ပါတယ်။ Film Maker ကို ၁၉၉၂ တွင် Windows နှင့် Mac ပေါ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အစပထမပိုင်းတွင်တော့ Linux တွင်လည်း ရရှိပါသေး တယ်။ နောက်ပိုင်းမှာတော့ Linux ဟာ File Maker ကို Support မလုပ်တော့တာကို တွေ့ရပါတယ်။ ယခုထွက်ရှိလာတဲ့ File Maker Pro ကတော့ မိမိရဲ့ Database ကို မြန်မြန်ဆန်ဆန် Process လုပ်ပေးနိုင်ပြီး Layout များစွာနှင့် Web Integration များ ပါဝင်တယ်ဆိုပေမယ့် ကြီးမားတဲ့ လုပ်ငန်းမျိုးမှာ အသုံးပြုတဲ့ Database software မျိုးတော့ မဟုတ်ပါဘူး။ ပြောရရင်တော့ Microsoft Access လောက်တော့ မကြီးမားဘူးပေါ့။ သို့သော်လည်း File Maker ရဲ့ အားသာချက်ကတော့ Graphic Interface များများစားစားပါဝင်ပြီး user-friendly လည်း ဖြစ်နေတာဟာ Access လို ခက်ခဲတဲ့ Database software မျိုးကို အသုံးမပြုချင်သူများအဖို့တော့ အံကိုက်ပါပဲ။ နောက်တစ်ခုရှိတာက File Maker ဟာ Microsoft SQL (သို့) Oracle Server တို့လို enterprise-level database system ကို အစားထိုးဖို့ မဟုတ်ပေ မယ့်လည်း စီးပွားရေး လုပ်ငန်းမျိုးစုံအတွက် database software တစ်ခုကို ပေါ့ပေါ့ပါးပါး အသုံးပြုချင်သူတွေအတွက် အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။ အခုဆိုရင်တော့ File Maker ဟာ version ပေါင်း မြောက်မြားစွာ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိလာတာကတော့ File Maker Pro 12 ဖြစ်ပါတယ်။ ဒါဆိုရင် File Maker Pro 12 ဟာ database software တစ်ခုကို လွယ်လွယ်ကူကူ အသုံးပြုချင်သူများအဖို့ ဘယ်လို Feature အသစ်မျိုး ပေးစွမ်းထားသလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

New Themes
File Maker Pro 12 ဟာ သင်နဲ့ သင့်ရဲ့ team အတွက် အလန်းဆုံး Database တွေ ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ အခုအချိန်မှာ Themes များကို Task အလိုက် ပြောင်းလဲ အသုံးပြုနိုင်တဲ့အတွက် ရှုပ်ထွေးနေကျဖြစ်တဲ့ Database ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့နောက် Layout တွေကလည်း အခု ၄၀ ပါဝင်ပြီး ၄င်းတို့ဟာ iPad၊ iPhone နှင့် Mac တွေပေါ်မှာ ကောင်းကောင်း အသုံးပြုနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ပြီး theme တိုင်းတွင်လည်း သတ်မှတ်ပြီးသား fonts များ၊ Color များ နှင့် Object Styling များ ပါဝင်မှာ ဖြစ်ပါတယ်။

သို့အတွက် သင့်အနေဖြင့် Click အနည်းငယ်မျှ နှိပ်ရုံဖြင့် Professional ကျကျ လှပတဲ့ Layout အသစ်တစ်ခု ပြောင်းလဲနိုင်မှာ ဖြစ်ပြီး အဆိုပါ Layout များကိုလည်း customize ထပ်မံ ပြုလုပ်လို့ ရနိုင်ပါသေးတယ်။ထို့ပြင် မိမိရဲ့ Layout ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးဖို့ အတွက်ကိုလည်း tools အသစ်များကို ရယူနိုင်ပါတယ်။ ဥပမာအားဖြင့် Ruler အသစ်၊ grids နှင့် guide အသစ်များ ပေါင်း ထည့် နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ထို့နောက် Object များကိုလည်း လိုအပ်သလို လွယ်ကူစွာ re-size ပြုလုပ်နိုင်ပြီး အခုအချိန်မှာတော့ hover ၊ Pressed (သို့) in focus များကို ပြသပေးသွားပြီး အထူးခြားဆုံးကတော့ undo ကို အကြိမ်ရေ မြောက်မြားစွာ ပေးလုပ်ထားခြင်းဖြစ်တဲ့အတွက် မိမိအနေနဲ့ Layout ပေါင်းများစွာကို လွတ်လွတ်လပ်လပ် စမ်းသပ်သွားနိုင်ပြီ ဖြစ်ပါတယ်။

All-new Starter Solutions
File Maker Pro 12 ရဲ့ All-new Starter Solution ဟာ သင့် Project များကို ထိန်းချုပ်ခြင်း၊ schedule resource များ ပြုလုပ်ခြင်း၊ estimate များ တွက်ခြင်းတို့အတွက် အကောင်းဆုံး Solution များ ထုတ်ပေးနိုင်ပါတယ်။ ထို့ပြင် Starter Solution ဟာ iPad နှင့် iPhone များအတွက် custiomized layout များလည်း ပါဝင်ပြီး အခြား လွယ်ကူဖြေရှင်းပြီးသားဖြစ်သော Solution များစွာလည်း ပါဝင်ပါသေးတယ်။

Enhanced Container Field
File Maker Pro 12 အတွင်း ပါဝင်တဲ့ Container Field ဟာ အသုံးပြုသူများကို မည်သည့် file အမျိုးအစားကိုမဆို Database အတွင်း သှိမှီးထားခွင့် ပေးထားပြီး ၄င်းတို့ထဲတွင် photos၊ videos၊ musics၊ document တို့နှင့် ပတ်သက်သော file type များပင် ပါဝင်ပါတယ်။ ထို့ပြင် File Maker Pro 12 အတွင်းပါဝင်တဲ့ ဒီ Container Field ဟာ ပြန်လည် ပြုပြင်ထားခြင်း ဖြစ်တဲ့အတွက် Solution များ ထုတ်ရာမှာလည်း ပိုမိုလွယ်ကူမှာ ဖြစ်ပြီး Database ရဲ့ performance ကလည်း ယခင် version များထက် ပိုမိုကောင်းမွန်လာပါတယ်။ ထို့နောက် file များကို Database အတွင်း ထည့်သွင်းရာတွင်လည်း လွယ်ကူသော drag and drop ကိုသာ အသုံးပြုထားပြီး ဗီဒီယိုနှင့် သီချင်းများ streaming ပြန်လုပ်ခြင်း၊ image များ render လုပ်ခြင်း တို့ကို မြန်ဆန်စွာ ပြုလုပ် သွားနိုင်မှာ ဖြစ်ပါတယ်။

Fast charting
ဒီနေရာမှာတော့ သင့်အနေနဲ့ Charts များကို ဖန်တီးတဲ့ နေရာမှာ File Maker ရဲ့ Quick Charts များမှ တဆင့် ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Quick Chart ပြုလုပ်ရာတွင်လည်း အလွန်လွယ်ကူပြီး ဦးစွာအနေဖြင့် မိမိထည့်သွင်းမည့် data များကို group ဖွဲ့ထားဖို့တော့ လိုပါလိမ့်မယ်။ ထို့နောက် ပါဝင်ပြီးသားဖြစ်တဲ့ set-up windows ကိုခေါ်ပြီး inspector လို tool palette ဖြင် ့ထောက်ကာ ပြုလုပ်လိုသည့် Chart များကို preview ကြည့်ကာ customize ပြုလုပ်သွားနိုင်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ကတော့ မိမိပြောင်းလဲထားသည့် Chart ပုံစံ ဒီဇိုင်းကို ချက်ချင်းကြည့်ရှုသွားနိုင်ပြီး ပြီးဆုံးသွားပါကလည်း Print (သို့) Layout တစ်ခုအဖြစ် save ပြုလုပ်သွားနိုင်ပါသေးတယ်။ Quick Charts အတွင်း ပြုလုပ်ပြီးသား Chart ၅ မျိုးပါဝင်မှာ ဖြစ်ပြီး ၄င်းတို့ကတော့ bubble၊ scatter၊ positive/negative၊ stacked bar နှင့် column charts တို့ ဖြစ်ပါတယ်။ ထို့ပြင် File Maker Pro 12 ဟာ Chart style ၁၂ မျိုးလည်း ပါဝင်သေးတဲ့အတွက် မိမိအနေနဲ့ လိုချင်တဲ့ Chart ပုံစံမျိုးကို ဖန်တီးသွားနိုင်တော့မှာ ဖြစ်ပါတယ်။

Ready for iOS
iPad နှင့် iPhone များအတွက် database solution များ အလွယ်တကူ ဖန်တီးနိုင်ဖို့ကို File Maker Go ရှိပြီး ၄င်းကိုလည်း iTunes App Store မှတဆင့် အခမဲ့ Download ရယူနိုင်ပါတယ်။ ထို့ပြင် File Maker Pro 12 ဟာ iPad နှင့် iPhone များအတွက် built-in themes များလည်း ထည့်သွင်းပေးထားပြီး font များ၊ buton များနှင့် အခြား object များ အတွက်ကိုလည်း စိတ်ပူစရာမလိုပါဘူး။
ထို့ပြင် File Maker Pro 12 အတွင်း ပါဝင်တဲ့ Scripts များနှင့် calculation များကလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့ အတွက် iOS ပေါ်တွင် အသုံးပြုရ လွယ်ကူမှာ ဖြစ်ပြီး software အတွင်း location-based function လည်း ပါဝင်တဲ့အတွက် inventory များ၊ delivery များနှင့် project များကို tracking ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အားသာချက်
အလွန်အသုံးဝင်ပြီး လွယ်ကူလျှင်မြန်တဲ့ Feature များစွာ ပါဝင်လာခြင်းနှင့် data များကို GUI ခပ်များများဖြင့် ဖော်ပြထားတာဟာ အသုံးပြုသူများကို လွယ်လွယ်ကူကူ အသုံးပြုစေနိုင်မှာပါ။

အားနည်းချက်
၄င်းအတွင်း ပါဝင်တဲ့ Charting Feature ဟာ စစချင်း အသုံးပြုသူများအတွက် ရှုပ်ထွေးစေတာကတော့ ဒီ software ရဲ့ အဓိက အားနည်းချက်ပါပဲ။

ချုံငုံသုံးသပ်ချက်
Software ကြီးတွေလောက် အသုံးမချနိုင်ဘူးဆိုပေမယ့် File Maker Pro 12 ဟာ သာမန်အသုံးပြုသူတွေအတွက်တော့ အကောင်းဆုံး စမ်းသပ်သုံးစွဲကြည့်သင့်သော Database software တစ်ခုပဲ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *