News

Apple မှ WWDC 2012 ကို ကြော်ငြာသွားခဲ့

ယခင်တစ်ပတ်အတွင်း Apple မှ နှစ်စဉ်နှင့်အမျှ ကျင်းပပြုလုပ်လျှက်ရှိသော Worldwide Developer Conference 2012 ၏ ကျင်းပမည့်ရက် အတိအကျကို ထုတ်ဖော်ကြော်ငြာခဲ့ကြောင်း သိရပါတယ်။
ကုမ္ပဏီ၏ အဆိုအရ WWDC 2012 ကို June လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ San Francisco ၏ Moscone West Convention Center တွင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ထို့နောက် ၄င်းတို့မှာ ယခုကျင်းပမည့် WWDC 2012 ဟာ iOS နှင့် OSX Lion တို့အား အဓိက ဦးစားပေး အာရုံစိုက်သွားမှာ ဖြစ်ကြောင်း၊ ပွဲအတွင်း Apple Design Award ချီးမြင့်ခြင်းနှင့်အတူ technical session ပေါင်း ၁၀၀ ကျော်လည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ထပ်မံပြီး ကုမ္ပဏီမှ WWDC 2012 အတွင်း ပါဝင်သည့် technical session များ၏ ဗီဒီယိုများကို ပြပွဲပြီးဆုံးချိန်တွင် Apple ၏ Developer Website တွင် အခမဲ့ တင်ထားပေးသွားမည်ဖြစ်သည့်အတွက် လာရောက် မကြည့်ရှုနိုင်သူများအဖို့လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။ယခင်နှစ် WWDC ၁၂ နာရီတောအတွင်း လက်မှတ်များ အကုန်ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် လူတစ်ဦးလျှင် လက်မှတ်တစ် စောင်နှုန်းနှင့် (လက်မှတ်တစ်စောင်လျှင် ဒေါ်လာ ၁၅၉၉) အဖွဲ့အစည်းတစ်ခုအား လက်မှတ် ၅ စောင်သာ ကန့်သတ်ထားကြောင်း သိရပါတယ်။ သိထားရမည့် အချက်ကတော့ လက်မှတ် ဝယ်ယူလိုသူများအနေဖြင့် iOS Developer Program (သို့) Mac Developer Program တွင် member ဝင်ထားရမည် ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *