Apps

Facebook ရဲ့တိုးတက်ပြောင်းလဲလာပုံအဆင့်ဆင့်။

ဒီနေ့  ခေတ် ကျွန်တော်တို့အပါအ၀င်တစ်ကမ္ဘာလုံးမှာ စွဲစွဲလမ်းလမ်းအသုံးပြုနေကြတဲ့ Facebook ရဲ့  တိုးတက်ပြောင်းလဲလာပုံအဆင့်အဆင့်ကိုဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

2005 – The Facebook

2005 ခုနှစ်က Facebook  ကို The Facebook လို့စတင်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီအချိန်တုန်းက Facebook  ကို လူတိုင်းအသုံးပြုလို့မရသေးဘဲ ရွေးချယ်ထားတဲ့ အဖွဲ့အစည်းတွေပဲသုံးလို့ရခဲ့တာဖြစ်ပါတယ်။အသုံးပြုသူတွေက Profiles တွေကိုကူးပြောင်းပြီးမိတ်ဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။

 

 1

2006 – Mini-Feed

September 2006 မှာတော့ News Feed ပါရှိလာခဲ့ပါတယ်။News Feed ဆိုပေမယ့် User Profiles မှာ Users တွေရဲ့  Activity ကိုသာပြပေးတဲ့ Mini-Feeds လေးသာဖြစ်ပါတယ်။

 

 2

2007 – Interaction

Profile Design  ကတော့ အပြောင်းအလဲသိပ်မရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက်ပိုမိုဆက်သွယ်လို့ရလာပါတယ်။Facebook Gifts Feature ကိုလည်းထည့်သွင်းခဲ့ပါတယ်။

3

 

2008 – The App Era

User တွေက သူတို့ရဲ့ Profile မှာ Applications တွေကို Tab အနေနဲ့ ထည့်သွင်းအသုံးပြုလို့ရလာပါတယ်။(e.g. Bumper Stickers) Publisher Toolbar ကိုလည်းမိတ်ဆက်ပေးခဲ့ပြီး Status Update,Photo,Link တွေတင်လို့ရလာပါတယ်။

 

4

2009 – Pages

User Profiles တစ်မျိုးဖြစ်တဲ့ Pages တွေကိုမိတ်ဆက်ခဲ့ပါတယ်။Users တွေက  Page တစ်ခုရဲ့  Fan ဖြစ်နိုင်ဖို့ပြုလုပ်ပေးခဲ့ပြီး အဲဒီ Pages တွေရဲ့  Updates တွေကို News Feed မှာဖတ်ရှုနိုင်ခဲ့ပါတယ်။(2010 မှာတော့ Pages တွေကို “Like” လုပ်လို့ရလာပါတယ်။)

 

5

2010 – A Visual Redesign

Profile အသစ်ကိုမိတ်ဆက်ခဲ့ပြီး ဒီနေ့အသုံးပြုနေတဲ့  Profile နဲ့သိပ်ကွာခြားမှုတော့မရှိခဲ့ပါဘူး။Users တွေက Profile Page ရဲ့ အပေါ်ဆုံးမှာ Photo Banner တွေပြုလုပ်နိုင်ခဲ့ပါတယ်။ညာဘက်အပေါ်ထောင့်မှာလည်း Common Friends or Mutual Friends တွေကို ပြပေးခဲ့ပါတယ်။

 

6

2011 – Ticker

September 20 မှာတော့ Profiles , Pages တွေရဲ့ Users တွေကို Follow လုပ်နိုင်မယ့် Ticker ကိုမိတ်ဆက်ခဲ့ပါတယ်။”View As “ widget ကိုလည်းမိတ်ဆက်ပေးခဲ့ပြီးမိမိ Profile ကို တစ်ခြားသူကကြည့်သလိုကြည့်လို့ရခဲ့ပါတယ်။

 

7

2011- Timeline

Facebook ရဲ့  f8 Conference မှာ ကြေညာခဲ့တဲ့အတိုင်း Profile အသစ်မှာ Virtual Scrapbook တွေအတိုင်းတွေ့မြင်လာရပြီးသင့်ရဲ့  Facebook အသုံးပြုခဲ့တဲ့သမိုင်းတစ်လျှောက်က အမှတ်တရပုံရိပ်တွေကိုတွေ့မြင်ရမှာပါ။အဲဒီပြောင်းလဲလိုက်တဲ့ဒီဇိုင်းဟာဆိုရင် Facebook ရဲ့တိုးတက်ပြောင်းလဲလာတဲ့သမိုင်းမှာအထင်ကရမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။

8

အခုဆိုရင် Facebook ရဲ့တိုးတက်ပြောင်းလဲမှုအဆင့်ဆင့်ကိုဗဟုသုတရစရာသိရှိနိုင်ပါပြီ။ဒီနေ့ခေတ်မှာတော့ Facebook မှာ Graph Search လိုအလွန်ကောင်းမွန်တဲ့ Feature ကိုပါထည့်သွင်းလာနိုင်ပြီဖြစ်ပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *