Apps, How-to

Android Device တွေကိုအလွယ်တကူ Root လုပ်ပေးမယ့် Kingo Android Root

Android မှာ Root လုပ်တယ်ဆိုတာ iOS မှာ Jailbreak လုပ်တာနဲ့တူပြီး Operating System ကို Unlock လုပ်လိုက်တာပဲဖြစ်ပါတယ်။Root လုပ်လိုက်တဲ့အတွက် Google က Approve မလုပ်တဲ့ App တွေကို အသုံးပြုလို့ရလာတဲ့အပြင် Firmware တွေကိုလည်းနှစ်သက်ရာပြောင်းသုံးနိုင်ပါတယ်။ Processor ကို Overclock,Underclock လုပ်လို့ရသလို အရာရာတိုင်းကို သင့်စိတ်ကြိုက် Customize လုပ်လို့ရလာပါတယ်။

Android တွေကို Root လုပ်နည်းတွေ ကဖုန်းတစ်လုံးနဲ့တစ်လုံးမတူညီကြပါဘူး။ဒါပေမယ့် Android Phone တော်တော်များများကို တစ်ချက်တည်းနဲ့ Root လုပ်ပေးနိုင်တဲ့ One Click Root Tool တွေရှိပါတယ်။အဲဒီထဲကတစ်ခုကတော့ Kingo Android Root ပဲဖြစ်ပါတယ်။Kingo Android Root က Free ဖြစ်ပြီး၀င်းဒိုးမှာအသုံးပြုရမှာပါ။Kingo Android Root က Huawei,Google,HTC,Sony,LG,Motorola,Samsung စတဲ့ ဖုန်းတွေကို Root လုပ်ပေးနိုင်ပြီး Root လုပ်ပေးနိုင်တဲ့ ဖုန်းအမျိုးအစားတွေကို ဒီ Page မှာအရင်လေ့လာသင့်ပါတယ်။

 

Kingo Android Root ကိုဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။

 

ဖုန်းမှာ USB debugging ကို Enable လုပ်ပါ။Android 4.0,4.1 မှာဆိုရင် Settings>Developer Options ကိုသွားပြီး “USB debugging” check box မှာအမှန်ခြစ်ပေးရမှာပါ။

 

1

Kingo Android Root ကို Android မှာ Run ပါ။ ဖုန်းနဲ့ ကွန်ပြူတာကို USB နဲ့ချိတ်ဆက်ပါ။

 

ချိတ်ဆက်မိပြီဆိုရင် ROOT ကိုနှိပ်ပါ။ခနစောင့်ပြီးရင် Auto Reboot ဖြစ်သွားပါလိမ့်မယ်။

2

Unroot လုပ်ချင်ရင်လည်းပြန်လုပ်နိုင်ပါတယ်။ဖုန်းနဲ့ ကွန်ပြူတာနဲ့ချိတ်ဆက်ပြီး Remove Root ကိုနှိပ်ရုံပါပဲ။

 

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *