News

Facebook ရဲ့ Android Event ဟာ Phone အတွက်မဟုတ်

Facebook-Android-Event-Phone

အကောင့်အများစုဟာ HTC ဖုန်းနဲ့ Facebook, Internetကို သုံးစွဲရ အဆင်ပြေလျက် ရှိကြောင်း သိရပါတယ်။ သန်းပေါင်းများစွာသော Smart Phoneတွေနဲ့ Facebookကို Aecess လုပ်နေလျက် ရှိနေပြီး ထိုဖုန်းတွေမှာ သုံးနေတဲ့ Appတွေက ဒါဇင်နဲ့ ချီအောင် များပြားနေကြပါတယ်။ ယနေ့ခေတ် FB သုံးစွဲသူ အရေအတွက်ဟာ တီဗီကြည့်သူခန့်ပင် ရှိနေပြီး Facebook သုံးသူ ၁ဘီလီကျော် ရှိသည်ဟု ခန့်မှန်းရကြောင်း သိရပါတယ်။ယခုကဲ့သို့ Facebookရဲ့ Android Event တီထွင်မှုဟာ Facebook သုံးစွဲသူများကို ပညာပေးနိုင်မယ့် နည်းလမ်း ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ရည်ရွယ်ရင်းမှာ Mobileတွေမှာ Facebook တစ်မျိုးတည်း ရွေးချယ်စရာ ရှိနေပြီး ရွေးချယ်စရာတွေ များပြားလာအောင် ဖန်တီးခြင်း ဖြစ်ပါတယ်။

Appတွေကို ထိန်းချုပ်ထားတဲ့ Google/Apple တို့အနေနဲ့လည်း အသစ်တွေ ဖန်တီးစေချင်ကြောင်း Facebookရဲ့ CEOက ဆိုပါတယ်။ ဒီနေ့ ကြေညာချက်က Facebookက Google Android Software အမျိုးအစား Facebook Homeကို တီထွင်နေပြီး အဲဒီစနစ်မှာ Userက တစ်ချက်ထက်ပိုပြီး Clickစရာမလိုဘဲ စွမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ လူတွေက Facebook Homeနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းမှာ ကြောက်နေကြသော်လည်း မစိုးရိမ်ရန် Facebookရဲ့ CEO Mark Zuckerbergက ပြောကြားခဲ့ပါတယ်။ Facebook သည် ယခုအခါ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် စမတ်ဖုန်း OS အမျိုးအစားသစ်တစ်ခု ထုတ်လုပ်ရန် အသင့်ရှိနေပြီဟု သတင်းများ ထွက်ပေါ်လာပြန်သည်။ မကြာခဏ ခန့်မှန်းခံရသော်လည်း လက်တွေ့တွင် တစ်ကြိမ်မျှ အကောင်အထည် ပေါ်မလာသေးသည့် Facebook ဖုန်း ပုံပြင်သည် အသွင်ကွဲ တစ်မျိုးဖြင့် အားကောင်းလာပြီး Google၏ Android စနစ်ကို အခြေခံသည့် OS စနစ်တစ်ခုကို Facebookက ဖန်တီးနေကြောင်း သတင်းများက ရေးသားလာခဲ့သည်။

အစောပိုင်းက Facebookသည် ပိုမို သစ်လွင် အဆင်ပြေ ကောင်းမွန်သည့် Androidသုံး App တစ်ခုကို ထုတ်ဝေမည်ဟု ထင်ကြေးများ
ဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်း OS ပုံစံကွဲ တစ်ခုကို ဖန်တီးနေသည်ဟု ယူဆစရာ ဖြစ်လာသည်။Facebookသည် ဧပြီ ၄ရက်နေ့ အခမ်းအနားတွင် မီဒီယာများကို ဖိတ်ခေါ်ကာ ၎င်းတို့၏ Android အခြေခံ OS ပုံစံသစ်ကို ပြသဖွယ် ရှိနေသည်။TechCrunch ၏ လေ့လာသူ ဂျော့ရှ်ကွန်စတင်းက “နီးစပ်တဲ့ သတင်း ရင်းမြစ်တွေရဲ့ အပြောအရတော့ Androidကို အဆင့်မြှင့် မွမ်းမံထားတဲ့ Version တစ်မျိုးလို့ ယူစရာပဲ။ အထူးသဖြင့် Facebookရဲ့ သီးခြား အပိုဆောင်း လုပ်ငန်းတွေကို ထဲထဲဝင်ဝင် သုံးနိုင်ဖို့ ပိုရည်ရွယ်ပုံ ရတယ်”ဟု ပြောကြားခဲ့သည်။ Facebookသည် ယင်း OSကို အခြေပြုကာ Facebook ဖုန်းတစ်မျိုးကို ရောင်းချရန်လည်း ရှိလာနိုင်ပြီး Hardware ပိုင်းကို HTCက တာဝန်ယူဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *