News

ဧပြီလ၂၇ရက်နေ့တွင် Samsung Galaxy Note 8.0 ကို စတင်ရောင်းချမည်

Samsung-Galaxy-Note-8.0

ကိုရီးယားနိုင်ငံထုတ် Samsung Brandသည် မြန်မာပြည်တွင် ထိပ်တန်းဈေး၊ အရှေ့တောင် အာရှနိုင်ငံများထဲတွင် ထိပ်ဆုံးမှာ ရပ်တည်နေတဲ့
Samsung Model များ ထဲတွင် Model အသစ် Samsung Galaxy Note 8.0 ကို မြန်မာ ပြည်တွင် ဧပြီလ၂၇ရက် နေ့တွင် တရားဝင်စတင် ရောင်းချတော့မည် ဖြစ်ကြောင်းကို Thai Samsung Electronic Co.,Ltd. Sinior Marketing ကိုသီဟလုလင်က ပြောသည်။ “ပစ္စည်းသစ်တွေတော့ အများကြီး ဝင်လာဖို့ ရှိတယ်။

Samsung Glaxy Note 8.0ကိုတော့ ၂၇ရက်နေ့မှာ Samsung Showroomတွေ Mobile ဆိုင်တွေ တော်တော်များများမှာ အလုံးရေ အကန့်အသတ် မရှိ ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းကိုတော့ အဲဒီရက်နား ရောက်တော့မှ သေချာ ပြောလို့ရမှာ အခုထိတော့ ခန့်မှန်းချေ ပြောလို့ မရသေးပါဘူး”ဟု ၎င်းကပြောပါသည်။ Samsungသည် လူကြိုက်အများဆုံး Smart Mobile ဟန်းဆက်အဖြစ် ရပ်တည်နေလျက်ရှိပြီး Samsung Galaxy S4ကိုလည်း ပြည်တွင်းမှ Samsung ချစ်သူများ ကလည်း မျှော်လင့် စောင့်စားနေကြကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *