Facebook က Paper လို့ အမည်ပေးထားတဲ့ App တစ်ခုကို iOS အတွက် ပြုလုပ်ပေးလိုက်ပါတယ်။ အခုလောလောဆယ်မှာ အမေရိကန်မှာပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Paper က Facebook App ပဲဖြစ်ပေမယ့် Facebook News Feed ကို မတူညီတဲ့ သွင်ပြင်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စာဖတ်ရလွယ်ကူအောင်နဲ့ ဒီဇိုင်းပိုင်းမှာ ထူးခြားအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
Status တွေကို အလျားလိုက်ကဒ်ပုံစံနဲ့ ပြပေးမှာဖြစ်ပြီး လက်နဲ့ ပွတ်ဆွဲပြီး ကဒ်တွေကိုပြောင်းလဲကြည့်ရှုရမှာဖြစ်ပါတယ်။ Status, Photos, Links တွေကို Full Screen ပြပေးမှာဖြစ်ပါတယ်။ Flipboard, Feedly, Digg တို့လို ရိုးရှင်းတဲ့သွင်ပြင်နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
မူလ Facebook App မှာပါတဲ့ Menu, Buttons တွေ မပါရှိဘဲ ရိုးရှင်းစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မူလ Facebook App နေရာမှာ အစားထိုးဖို့ Paper ကို ပြုလုပ်တာမဟုတ်ဘူးလို့ သိရပါတယ်။ Paper App ကို အမေရိကန် နေထိုင်သူများသာ အသုံးပြုနိုင်ပြီး နိုင်ငံတကာသို့ ဘယ်အချိန်မှာ ဖြန့်ချီပေးမလဲဆိုတာ Facebook က ပြောကြားခြင်းမရှိသေးပါဘူး။ Android Version ကို ထုတ်လုပ်မလားဆိုတာလည်း မသိရသေးပါဘူး။
အမေရိကန်မှာ နေထိုင်သူများအတွက် Paper ကို အောက်ကလင့်မှာ ရယူနိုင်ပါတယ်။
https://itunes.apple.com/us/app/paper-stories-from-facebook/id794163692

 
		
		 
						
					 
						 
						 
						 
						 
						 
						 
						 
						 
						 
						 
						 
						