News

၂၀၁၃ ခုနှစ်မှာ ရောင်းအကောင်းဆုံးဂိမ်း Grand Theft Auto V

Rockstar Games ထုတ်လုပ်သူများက Grand Theft Auto V ဟာ ၂၀၁၃ ခုနှစ်မှာ ရောင်းအကောင်းဆုံးဂိမ်း ဖြစ်ကြောင်း NPD သုတေသနအဖွဲ့ ရဲ့ သတင်းအချက်အလက်များကို ကိုးကားပြောဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ Grand Theft Auto V Game ပေါင်း (၃၂.၅) သန်း ရောင်းချရပြီး NPD ရဲ့ ရောင်းအားအကောင်းဆုံး ဗီဒီယိုဂိမ်းအဖြစ် ရပ်တည်နေပါတယ်။

Rockstar Games ကို ထုတ်လုပ်သူမှာ Take-Two Interactive ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ ဇူလိုင်လကနေ စက်တင်ဘာလ အတွင်းမှာ Grand Theft Auto V ဟာ ရောင်းအကောင်းဆုံးဖြစ်တယ်လို့ Take-Two Interactive ရဲ့ CEO ဖြစ်သူ Strauss Zelnick ကပြောပါတယ်။

Grand Theft Auto V ကို စက်တင်ဘာလ (၁၇) ရက်မှာ PlayStation 3 နဲ့ Xbox 360 တို့ အတွက် စတင်ဖြန့်ချီခဲ့တာဖြစ်ပြီး ဂျပန်နဲ့ ဘရာဇီးနိုင်ငံက လွဲလို့ ကမ္ဘာအ၀န်း ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ရာဇ၀တ်မှုများ ကျူးလွန်ရတဲ့ ဂိမ်းဖြစ်ပြီး စတင်ရောင်းချခဲ့တဲ့ ဆောင်းရာသီမှာကတည်းက ရောင်းအားကောင်းခဲ့ပါတယ်။ အဆိုပါဂိမ်းကို ပြုလုပ်ဖို့ ဒေါ်လာ (၂၆၆) သန်း ကုန်ကျခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောင်းချပြီးနာရီအနည်းငယ် အတွင်းမှာပဲ ကုန်ကျစရိတ်ကို ပြန်လည်ရရှိခဲ့ပါတယ်။

Grand Theft Auto V ရဲ့ ရောင်းအားဟာ ၂၀၁၄ ခုနှစ်မှာလည်း ဆက်လက်ကောင်းနေမှာဖြစ်ပါတယ်။ အဆိုပါဂိမ်းကို မကြာမီက ရောင်းချခဲ့တဲ့ PlayStation 4,PC နဲ့ Xbox One တို့ မှာ ကစားနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အဆိုပါ Platform သုံးခုအတွက် ဇွန်လ (၁၃) ရက်နေ့မှာ ထုတ်လုပ်ပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် Rockstar Games က အတည်ပြု ပြောကြားခြင်းမရှိသေးပါဘူး။

Take-Two Interactive ဟာ ၀င်ငွေဒေါ်လာ (၇၆၇) သန်း ရရှိပြီး ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်း မှာ ၀င်ငွေဒေါ်လာ (၄၀၅) သန်း ရရှိတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် သူ့ရဲ့ စတော့ဟာ အနည်းငယ် ကျဆင်းနေတယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *