News

Google Now Notification တွေကို Desktop မှာ သိနိုင်ပြီ

Google က Mac နဲ့ Windows တို့အတွက် Chrome Beta Version ကို Update ပြုလုပ်ပေးလိုက်ပြီး Google Now Notifications တွေကို ပြပေးတဲ့ စွမ်းဆောင်ချက်အသစ်တစ်ခုထည့်သွင်းပေးလိုက်ပါတယ်။

Google Now ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး Voich Search ဖြစ်သလို သင့်ရဲ့ ကိုယ်ရေးလက်ထောက် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Apple ရဲ့ Siri နဲ့ အတူတူဖြစ်ပါတယ်။ Google Now ကိုယ်ရေးလက်ထောက်ကို အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ ၀က်ဆိုက်တွေဖွင့်တာ၊ စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို ရှာခိုင်းတာ၊ အီးမေးပေးပို့တာ၊ ဖုန်းခေါ်ဆိုတာ၊ Alarm ပြုလုပ်တာ၊ Reminder ပြုလုပ်တာ၊ ရာသီဥတု အခြေအနေကိုမေးမြန်းတာ စတာတွေအပြင် အလုပ်များစွာ ခိုင်းစေနိုင်ပါတယ်။ Google Now က သင် သိချင်တဲ့ သတင်းအချက်အလက်တွေကို Card ပုံစံ နဲ့ ပြပေးမှာဖြစ်ပါတယ်။ သင့် မိုဘိုင်းဖုန်းမှာ Google Now ကို ရှာဖွေခိုင်းထားတဲ့ သတင်းအချက်အလက်တွေကို Desktop နဲ့ Mac က Chrome Browser မှာ ပြပေးမှာဖြစ်ပါတယ်။ Google Now ကို iOS အတွက် ၂၀၁၃ ခုနှစ် ဧပြီလ က ပြုလုပ်ပေးခဲ့ပါတယ်။

Chrome Beta Version မှာ သင့်မိုဘိုင်းဖုန်းက Google Account နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ Notifications တွေကို ဘရောက်စာက ခေါင်းလောင်းပုံစံ အိုင်ကွန်ကိုနှိပ်ပြီး ကြည့်ရမှာဖြစ်ပါတယ်။

Google က Google Now ကို စတင် အသုံးပြုခွင့်ပေးပြီးကတည်းက ကဒ်အသစ်တွေ၊ အသိပေးမှုတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနေပါတယ်။ Chrome Browser နဲ့ Google Now ကိုပေါင်းစပ်ဖို့ကိုလည်း ပြီးခဲ့တဲ့နှစ် နွေရာသီကတည်းက ကြိုးစားနေတာဖြစ်ပါတယ်။

သာမာန် Chrome Version တွေမှာ အဲဒီ စွမ်းဆောင်ချက်ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲဆိုတာ ကို Google က ပြောကြားခြင်းမရှိပါဘူး။ ဒါပေမယ့် မကြာခင်မှာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Google Now Notification တွေကို English ဘာသာနဲ့ ပြပေးမှာဖြစ်ပေမယ့် မကြာမီမှာ အခြားဘာသာစကားတွေနဲ့ ပြပေးမှာဖြစ်ပါတယ်။

Google Now Notification တွေကို အသုံးပြုချင်သူတွေအတွက် Chrome Beta Version ကို အောက်ကလင့်မှာ ရယူနိုင်ပါတယ်။

https://www.google.com/intl/en/chrome/browser/beta.html

Ashampoo_Snap_02

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *