ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Appleအနေနဲ့ မျက်နှာပြင်ကြီးမားတဲ့ iPhoneတွေကို ၂၀၁၄ခုနှစ်ထဲမှာ ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ Appleဟာ မျိုးဆက်သစ် iPhoneကို ပွဲထုတ်မိတ်ဆက် သွားမှာဖြစ်ပြီး ကုမ္ပဏီ အနေနဲ့ နောက်ထပ် ထွက်ရှိမယ့် မိုဘိုင်းဖုန်းအသစ် ကိုတော့ ဘယ်လိုလုပ်ဆောင် သွားမယ်ဆိုတဲ့ မှန်းဆချက်တွေ ထွက်ရှိနေပါပြီ။ Wall Streetဂျာနယ်ရဲ့ ထုတ်ပြန်ချက်အရ Appleအနေနဲ့ မျက်နှာပြင်အကျယ် ၄.၈လက်မကနေ ၆လက်မအထိ ရှိတဲ့ အမျိုးမျိုးသော မျက်နှာပြင်အရွယ်အစားတွေကို စမ်းသပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ iPhone 5ကတော့ မျက်နှာပြင်အကျယ် ၄လက်မရှိပြီး ၂၀၀၇ခုနှစ်ထဲက စလို့ ထုတ်လုပ်ခဲ့တဲ့ iPhoneတွေထဲမှာ မျက်နှာပြင် အကြီးမားဆုံး ဖြစ်ပါတယ်။ တကယ်လို့ မျက်နှာပြင် ၆လက်မအရွယ် ရှိတဲ့iPhone ကိုသာ ထုတ်လုပ်နိုင်ခဲ့ရင် Samsungရဲ့ Galaxy Megaလိုမျိုး Phabletတွေ၊ မျက်နှာပြင်ကြီးကြီး ဖုန်းတွေ ရှိတဲ့ ဈေးကွက်ထဲ ၀င်ရောက်ယှဉ်ပြိုင် လာတော့မှာပါ။
မ လိုက္