News

Instagramမှာ လစဉ်အသုံးပြုသူ သန်း၁၅၀ ရှိပြီ

ကမ္ဘာကျော် လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Instagramအနေဖြင့် လစဉ်ပုံမှန်အသုံးပြုသူ သန်း၁၅၀ခန့် ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မှတ်တမ်းအရ အဆိုပါ Instagram Appဟာ အသုံးပြုသူ သန်း၁၀၀ခန့် ရှိပြီး ဇွန်လတုန်းကတော့ အသုံးပြုသူ သန်း၁၃၀ခန့်အထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ Facebookက Instagramကို ၀ယ်ယူခဲ့ပြီး ဇွန်လမှာ အဆိုပါAppထဲကို ဗီဒီယိုပါ အသုံးပြုနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က အနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေဟာ အဆိုပါFeatureအသစ်ကို အလုအယက်အသုံးချ ခဲ့ကြပြီး Popအဆိုတော် ဂျက်စတင်ဘီဘာရဲ့ ဗီဒီယိုPostတစ်ခုဟာ Likeတစ်သန်းရတဲ့ ပထမဆုံး ဗီဒီယိုPostဖြစ်လာခဲ့ ပါတယ်။

ဧပရယ်လ စစ်တမ်းတစ်ခုအရ Instagramအသုံးပြုသူတွေရဲ့ တစ်၀က်နီးပါးဟာ အန်းဒရွိုက်အသုံးပြုသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ Instagramဟာ ၂၀၁၀နှစ်ကုန် ခါနီးမှာ iOSအသုံးပြု တွေအတွက် ဖန်တီးထုတ်လုပ် ပေးခဲ့တာ ဖြစ်ပြီး ဧပရယ် ၂၀၁၂မှာတော့ အန်းဒရွိုက်သမားတွေ အတွက် ထုတ်လုပ်ခဲ့ပါတယ်။ Instagramရဲ့ ပြိုင်ဘက် Vineဟာလည်း ပြီးခဲ့တဲ့လ စစ်တမ်းအရ Registerလုပ်ထားတဲ့ အသုံးပြုသူ သန်း၄၀ခန့် ရှိနေပြီး Active Userတွေပါ ပါ၀င်လျက် ရှိပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *