Automobile, News

သင့်အိပ်မက်ကားအား android device များမှတစ်ဆင့် ဝင်ရောက်ရှာဖွေကြည့်ရှူနိုင်ပါပြီ

သင့်အိပ်မက်ကားအား android device များမှတစ်ဆင့် ဝင်ရောက်ရှာဖွေကြည့်ရှူနိုင်ပါပြီ

တစ်ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းကားဈေးကွက်အား ဦးဆောင်နေသည့် (မြန်မာနိုင်ငံတွင် Motors.com.mm ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့်) Carmudi မှ android device များအတွက် သုံးစွဲရလွယ်ကူသော Motors application အား မိတ်ဆက်ပေးလိုက်ပါတယ်…
မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံးနှင့် အအောင်မြင်ဆုံး တိုးတက်နေသည့် အွန်လိုင်းမော်တော်ယာဉ် အရောင်းအဝယ်ဈေးကွက်ဖြစ်သည့် Motors.com.mm မှ တစ်ကမ္ဘာလုံးရှိ ကားဝါသနာရှင်များအတွက် ကား အရောင်းအဝယ် ပြုလုပ်နိုင်မည့် အတွေ့အကြုံသစ်ကို ပြောင်းလဲ မိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်။ ယခု အွန်လိုင်းကားဈေးကွက်ဖြစ်သည့် Motors.com.mm မှ မိုဘိုင်းကို အခြေပြု၍ အသုံးပြုနိုင်သည့် android application အား မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုသူများအနေဖြင့် ထောင်ပေါင်းများစွာသော ကားစာရင်းများ ကိုသွားရင်းလာရင်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းပေါ်တွင် ကားအစီးရေ ရှစ်ထောင်ကျော်စာရင်း ပြုလုပ်ထားသည့် ယခု Motors.com.mm app အနေဖြင့် အသုံးပြုသူများအတွက် ကားဝယ်ယူရာတွင် ထူးခြားကောင်းမွန်သော အတွေ့အကြုံအား ပေးစွမ်းနိုင်မှာဖြစ်သည့်အပြင် လွယ်ကူစွာအသုံးပြုနိုင်သည့် ခံစားမှုပါ ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်အိမ်ရှိကွန်ပျူတာ အရှေ့တွင် သုံးနေသကဲသို့ အဆင်ပြေ ချောမွေ့သောအတွေ့အကြုံ ကိုပါခံစားရရှိနိုင်မှာဖြစ်ပါတယ်။
ယခု motors app အား android အသုံးပြုသူများစွာရှိသည့် နိုင်ငံပေါင်းနှစ်ဆယ်ကျော်တွင် ရယူသုံးစွဲနိုင်မှာဖြစ်ပြီး အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်ဒေသများအစရှိသည့် နိုင်ငံများမှာပါရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူ customer များအတွက် အသုံးပြုရာတွင် လွယ်ကူ အဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့်၊ Carmudi မှကွဲပြားသော ဘာသာစကား(၉)မျိုးဖြင့် app အား ပြုလုပ်ထားပြီး မြန်မာနိုင်ငံအတွက် motors app အား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြစ် အပြည့်အဝ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App တွင်ပါရှိသည့် Feature များသည်လည်း www.motors.com.mm တွင် အသုံးပြုသည့် အသုံးပြုပုံများအတိုင်း တူညီမှာဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြစ်လည်း ရှာဖွေလိုသော အချက်များဖြစ် စီစစ်ရှာဖွေနိုင်မှာ ဖြစ်ပြီး ကားအမှတ်တံဆိပ်မှ ကားမော်ဒယ် နှင့်ထုတ်လုပ်သောနှစ်မှ ဈေးနှုန်း စသည်များဖြင့် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့်လည်း ကားစာရင်းကို ကွဲပြားသော social media platform များမှတစ်ဆင့် မျှဝေနိုင်ပြီး မိမိ၏ခင်မင်ရင်းနှီးသော သူငယ်ချင်း မိတ်ဆွေများနှင့် မိသားစုဝင်များဆီမှပါ အကြံဉာဏ်နှင့် သုံးသပ်ချက်များပါ တောင်းယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယခု motors app တွင် သင့်စိတ်ကြိုက်မော်တော်ယဉ်စာရင်း အား ပြုလုပ်ထားနိုင်ပြီး ၎င်းယာဉ်များနှင့် ပတ်သက်သည့် အသိပေးချက်များကိုပါ အချိန်နှင့်အမျှ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Carmudi ၏ Co-Founder နှင့် Global Managing Director ဖြစ်သူ Stefan Haubold က ပြောကြားရာမှာတော့ “ကျွန်တော်တို့ carmudi အား အသုံးပြုသူများအတွက် လက်ချောင်းများတို့ထိရုံဖြင့် မြောက်မြား စွာသောကားအစီးရေများကို ယူဆောင်လာပေးခြင်းဖြစ်ပါတယ်။ ယခုဝန်ဆောင်မှုကတော့ ကျွန်တော်တို့ carmudi အတွက် ကြီးကျယ်ခမ်းနားသော မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသော အသုံးပြုသူများအနေဖြင့် သူတို့ရဲ့အိမ်မက်ထဲက ကားကို ရိုးရှင်းစွာတို့ထိရုံဖြင့် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဝက်ဘ်ဆိုဒ်အား အသုံးပြု၍ တစ်ကမ္ဘာလုံးဆိုင်ရာ လစဉ် အရောင်းအဝယ် ပြုလုပ်သူ တစ်သန်းကျော် ရှိနေပြီးဖြစ်ပါတယ်၊ ဒီ app ကတော့ အသုံးပြုသူများအတွက် ကားရှာဖွေခြင်းနှင့် ဝယ်ရောင်းခြင်းများ အတွက် အသွင်သစ်ကို ယူဆောင်လာပေးတာပါ၊ ယခုလိုတိုးတက်နေတယ့် ကမ္ဘာကြီးမှာ မိုဘိုင်းဖုန်းအား အသုံးပြု၍ အင်တာနက်အသုံးပြုမှုများ တိုးတက်လာမှုနှင့်အတူ carmudi ရဲ့ app ကာလည်း အားသာချက်တစ်ခု ဖြစ်လာမှာပါ”
တိုးတက်ဖွံ့ဖြိုးနေသော စီးပွါးရေးနယ်ပယ်များက စမတ်ဖုန်းအသုံးပြုမှုများမှာ ခန့်မှန်းထားသည်ထက် ၃၃% ရာခိုင်နှုန်းတိုးတက်လာပြီး စမတ်ဖုန်းတင်ပို့ရောင်းချမှုများမှာလည်း ဖွံ့ဖြိုးနေသော ကမ္ဘာကြီးတွင် နိုင်ငံအလိုက် ၇% ရှိသွားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းသိပ်သည်းဆသည်လည်း လအလိုက် ရာခိုင်နှုန်းများ သိသိသာသာတိုးတက်လာသည်ကို စစ်တမ်းများအရသိရှိရပါတယ်။ ဒါ့အပြင် android သည် လည်း အကျော်ကြားဆုံး နှင့်အအောင်မြင်ဆုံး မိုဘိုင်း OS တစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး ဈေးကွက်ရဲ့ ၅၂ရာခိုင်နှုန်းအား သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်။
ဒါ့အပြင် Motors.com.mm မှ အထူးကံစမ်းမဲအစီအစဉ်အဖြစ် Motors app အား download နှင့် install ပြုလုပ်ခြင်းဖြင့် iPad Air ရယူနိုင်မည့်အခွင့်အရေး တစ်ခုလည်း စီစဉ်ထားရှိထားကြောင်းသိရပါတယ်။ ယခုကံစမ်းမဲအစီအစဉ်အား ဩဂုတ်လ (၁၆) ရက် နေ့မှ (၃၁) ရက် နေ့အတွင်း ကံစမ်းနိုင်မှာဖြစ်ပြီး အသုံးပြုသူများအနေဖြစ် app အား google play store ဒါမှမဟုတ် 1 mobile market မှတစ်ဆင့် download ရယူနိုင် မှာဖြစ်ပါတယ်။
အကယ်၍သင်ဟာပြီးပြည့်စုံသော မော်တော်ယာဉ်တစ်စီးအား ရှာဖွေနေတယ်ဆိုရင်တော့ motors.com.mm app အား google play store ဒါမှမဟုတ် 1 mobile market မှတစ်ဆင့် download ပြုလုပ်ထားသင့်ပါတယ်။ ယခု app ကလည်း အသုံးပြုသူများ အတွက်မော်တော်ယာဉ်များအား သက်ဆိုင်ရာအမှတ်တံဆိပ်၊ မော်ဒယ်နှင့် ဈေးနှုန်းများအလိုက် ရှာဖွေနိုင်ပါတယ်။ အကယ်၍ ၎င်းရှာဖွေမှုများဖြင့် မလုံလောက်လျှင်လည်း ထုတ်လုပ်သောနှစ်၊ အသုံးပြုထားသောမိုင်နှင့်ကား အရောင် စသည်များဖြစ်ပါ ထပ်လောင်းစီစစ်ရှာဖွေနိုင်၍ customer များအတွက် တိကျလိုချင်သော မော်တော်ယာဉ်အား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်သော Feature များကိုလည်း app တွင်ထပ်လောင်းထည့်သွင်း သွားမှာဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *