Featured, How-to, Mobile, Review

မိုဘိုင်းဖုန်း အမျိုးအစားအားလုံးမှာ ဘက်ထရီ သက်တမ်း တိုးမြှင့်စေနိုင်မယ့် နည်းများ

How to improve battery life on any mobile device

မိုဘိုင်းဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ လူတိုင်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ Android, iOS Deviceများမှာ ဘက်ထရီသက်တမ်း ကောင်းမွန်စေမယ့် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် လူတိုင်းမှာ iPhone, Android Phoneများ မရှိကြပါဘူး။ အဲဒီအတွက် မိုဘိုင်းဖုန်း အားလုံးမှာ ဘက်ထရီ သက်တမ်း ကောင်းမွန်စေမယ့် နည်းများကို ရေးသားမှသာ အားလုံးအတွက် အကျုံး၀င်နိုင်မှာ ဖြစ်ပါတယ်။

မျက်နှာပြင် အလင်းရောင်

မိုဘိုင်းဖုန်းများရဲ့ မျက်နှာပြင်များဟာ တစ်နှစ်ထက် တစ်နှစ် ပိုကြီးလာသလို ပိုမိုကောင်းမွန်လာပါတယ်။ ဥပမာ အနေနဲ့ LG G3မှာ အလွန်ကောင်းတဲ့ 2560×1440 Pixel Resolution Displayတပ်ဆင်ထားပါတယ်။ ဒီလို မျက်နှာပြင်များဟာ ကြည့်ရတာအလွန်ကြည်လင်ပြတ်သားပေမယ့် ဘက်ထရီကို အမြန်ကုန်ဆုံးစေပါတယ်။ ကံဆိုးစွာပဲ ဘက်ထရီ နည်းပညာဟာ မိုဘိုင်း နယ်ပယ်မှာ အခြား နည်းပညာများလောက် ခရီးမပေါက်သေးပါဘူး။
မျက်နှာပြင်ရဲ့ အလင်းရောင်ကို လျှော့ချခြင်းဖြင့် ဘက်ထရီ သက်တမ်းကို တိုးမြှင့်နိုင်ပါတယ်။ အလင်းရောင်ကို အလိုလို ချိန်ညှိပေးတဲ့ Settingsကိုလည်း အသုံးမပြုသင့်ပါဘူး။ အဲဒီ စွမ်းဆောင်ချက်ဟာ ဖုန်းရဲ့ Sensorများကို တစ်ချိန်လုံး အသုံးပြုနေတာကြောင့် ဘက်ထရီကို တကယ်ကုန်စေပါတယ်။ အဲဒီအစား အလင်းရောင်ကို ကိုယ်တိုင် ချိန်ညှိသင့်ပါတယ်။ Auto Modeဟာ တစ်ခါတစ်လေမှာ သင့်ရဲ့ ပတ်၀န်းကျင် အပေါ်မူတည်ပြီး အလင်းရောင်ကို အမြင့်ဆုံးတင်ထားတတ်ပါတယ်။

No Service

No Service ဖြစ်နေတဲ့ အချိန် တစ်နည်းအားဖြင့် လိုင်းမမိတဲ့ အချိန်မှာ ဖုန်းဟာ လိုင်းကို လိုက်ရှာပြီး စဉ်ဆက်မပြတ်ဖမ်းနေတဲ့အတွက် ဘက်ထရီ ကုန်စေပါတယ်။ အဲဒီ အခြေအနေမှာ အင်တာနက် အသုံးမပြုဘူးဆိုရင် Airplane Modeကို အသုံးပြုသင့်ပါတယ်။

ဗီဒီယိုကြည့်ခြင်းနဲ့ ဂိမ်းကစားခြင်း။

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ မျက်နှာပြင်ဟာ ဘက်ထရီကို အတော်စားသုံးပါတယ်။ ရုပ်ရှင်ကြည့်ရင် ဒါမှမဟုတ် ဂိမ်းကစားရင် ပိုလို့တောင် ဆိုးပါသေးတယ်။ Angry Birdsကို မိနစ်အနည်းငယ် ကစားရုံနဲ့တော့ ဘက်ထရီ သိသာစွာ မကုန်ပါဘူး။ ဒါပေမယ့် HD Movie တစ်ခုကို ကြည့်ရင် ဒါမှမဟုတ် စွမ်းဆောင်ရည်မြင့် ဂိမ်းတစ်ခုကို ကစားရင် ဘက်ထရီ သက်တမ်းကို ငါးဆယ်ရာခိုင်နှုန်းထက် ပိုကုန်စေပါတယ်။

GPSနဲ့ တည်နေရာ ၀န်ဆောင်မှုများ

စမတ်ဖုန်းကို အသုံးပြုပြီး တည်နေရာ ရှာဖွေတဲ့ အချိန်များမှာ ဘက်ထရီဟာ လွန်စွာ ကုန်ဆုံးတတ်ပါတယ်။ ဒါဟာ GPSနဲ့ တည်နေရာညွှန်ပြတဲ့ Appsများကြောင့်ဖြစ်ပါတယ်။ Foursquare, Google Mapsနဲ့ ကင်မရာလို တည်နေရာ ညွှန်ပြတဲ့ ၀က်ဆိုက်များနဲ့ Appsများဟာ သင့်တည်နေရာကို ရှာဖွေနေတဲ့အတွက် ဘက်ထရီကို လျှင်မြန်စွာ ကုန်ဆုံးစေတာပါ။

Appsများရဲ့ တည်နေရာညွှန်ပြမှုများကို သင့်ဖုန်းရဲ့ Settingsထဲမှာ ပိတ်ထားနိုင်ပါတယ်။

• iPhone, iPadမှာ Settingsထဲသွားပြီး Privacyကို နှိပ်ပါ။ Location Servicesထဲသွားပြီး System Servicesထဲသွားပါ။
• Android Deviceမှာ Settingsထဲမှ Locationထဲသွားပါ။
• ၀င်းဒိုးဖုန်းမှာ Start Button> Settings> Locationထဲသွားပါ။
• BlackBerry 10 အသုံးပြုသူများက Settings> Location Servicesထဲသွားပါ။

GPSအပြင် Bluetooth, NFC, WiFi တို့ကို မလိုအပ်ဘဲ ဖွင့်ထားခြင်းကလည်း ဘက်ထရီ ကုန်စေပါတယ်။ Bluetooth Headphone မသုံးရင် ဒါမှမဟုတ် ကားမှာ မပါရှိရင် ဖုန်းမှာ Bluetoothကို ပိတ်ထားသင့်ပါတယ်။ လူတွေ သုံးလေ့မရှိတဲ့ NFCကိုလည်း ထိုနည်းလည်းကောင်း ပိတ်ထားသင့်ပါတယ်။ ဝိုင်ဖိုင်ကိုလည်း လိုအပ်မှသာ ဖွင့်ပါ။

နောက်ကွယ်မှ ဒေတာများ

အီးမေး၊ သတင်း၊ ချိန်းဆိုမှုတွေကို သင်လက်လွတ် မသွားစေဖို့ သင့်ဖုန်းမှ Appsများက ဆာဗာ၊ ဂြိုလ်တုနဲ့ ဆဲလ်တာဝါများကို နောက်ကွယ်မှာ စဉ်ဆက်မပြတ် ဆက်သွယ်နေကြပါတယ်။ ဒါဟာ ဘက်ထရီကို ကုန်စေပြီး ဒေတာအသုံးပြုမှုကို များပြားစေပါတယ်။ အချို့ Appsတွေကို ဝိုင်ဖိုင်ချိတ်ဆက်ထားမှသာ Updateလုပ်ဖို့နဲ့ နောက်ကွယ်မှာ Refreshလုပ်ဖို့ သတ်မှတ်ထားသင့်ပါတယ်။

iOSမှာ နောက်ကွယ်မှ ဒေတာများကို ပိတ်ဖို့ Settings>General> Background App Refreshထဲသွားပြီး နောက်ကွယ်မှာ အလုပ်မလုပ်စေချင်တဲ့ Appsများကို ရွေးချယ် ပိတ်ထားနိုင်ပါတယ်။

Androidမှာ Settings> Data Usageထဲသွားပြီး ပိတ်ချင်တဲ့ Appကို တစ်ချက်နှိပ်ပါ။ “Restrict background data”မှာ အမှန်ခြစ်ပေးပါ။ Appsအားလုံးကို ပိတ်ချင်ရင် Data Usageစကရင်ရဲ့ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက်ကို နှိပ်ပြီး “Restrict background data”မှာ အမှန်ခြစ်ပေးပါ။

Windows Phone 8.1ပိုင်ရှင်များအနေနဲ့ နောက်ကွယ်မှ Appများကို ပိတ်ထားဖို့ Data Sense Appကို သုံးနိုင်ပါတယ်။ BlackBerry 10အသုံးပြုသူများက Settingsထဲသွားပြီး Security and Privacyကိုနှိပ်ပါ။ Application Permissionအောက်မှာ Permission Barကို Run in Backgroundသို့ ပြောင်းပါ။ ပြီးတာနဲ့ နောက်ကွယ်မှာ အလုပ်မလုပ်စေချင်တဲ့ Appကို စာရင်းထဲမှ ထုတ်ပယ်ပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *