News

နောက်ဆုံးအခြေအနေသို့ ရောက်ရှိလာတော့မည့် Apple နှင့် Samsung

Apple နှင့် Samsung တို့ ၏ အမေရိကန် နိုင်ငံအတွင်း ပြဿနာများမှာ မကြာခင်ကာလအတွင်း အဆုံးသတ်သွားနိုင်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ FOSS မူပိုင်ခွင့်အရ အမှုများ ပြီးဆုံး သွားနိုင်စေရန် ကုမ္ပဏီ တစ်ခုချင်းစီမှ အသီးသီး တောင်းဆိုမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် အစောပိုင်းကာလတွင် တရားသူကြီးဖြစ်သူ Lucy Koh မှ ကုမ္ပဏီ ၂ ခုအား မေလ ၁ ရက်နေ့နှင့် ၇ ရက်တို့တွင် ရင်ဆိုင်သည့် အမှုအတွင်း တောင်းဆိုချက် ၁ ခုသာ ပြုလုပ်ရန် ကန့်သတ်ခဲ့ကြောင်း သိရပါတယ်။

FOSS မူပိုင်ခွင့်များအရ Apple ဟာ ၄င်းရဲ့ Samsung အပေါ်တရားစွဲဆိုချက်များ ဖြစ်သော multipoint touchscreen နှင့် ထုတ်ပိုးမှု ပုံစံတို့ကို လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။ ထို့နောက် Samsung ဘက်မှ နေ၍လည်း Apple ပေါ်တရားစွဲဆိုထားသည့် အမှုပေါင်း ၁၅ ခုမှ ၉ ခုအထိကို လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။ တရားသူကြီး Koh အနေဖြင့်တော့ ယခု အဖြစ်များကို နောက်ထပ် ရုံးချိန်းမတိုင်ခင်အထိ ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *