News

U.S ဖုန်းသုံးစွဲသူများ၏ စိတ်ကျေနပ်မှုတွင် iPhone 5 အဆင့်(၅)သာ ရရှိ

iphone-step-us

Appleရဲ့ iPhoneတွေဟာ ခြုံငုံပြီး ပြောရရင်တော့ သုံးစွဲသူ စိတ်ကြိုက်အဖြစ်ဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် iPhone 5ကတော့ U.Sမှာ ရှိတဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူ (၉၂၈၂၅)ယောက်ကို စစ်တမ်းကောက်ထားတဲ့ On Device Researchမှာ သုံးစွဲသူများရဲ့ စိတ်ကျေနပ်မှု အဆင့် (၅)နေရာမှာပဲ ရှိခဲ့ပါတယ်။ ထူးခြားတဲ့အချက်ကတော့ iPhone 5ရဲ့ ရှေ့က ဖုန်းလေးလုံးဟာ Android ဖုန်းတွေ ဖြစ်နေတာပဲ။ အစဉ်အတိုင်း ဖော်ပြရရင်တော့ 1. Motorola Atrix HD, 2. Motorola Droid Rozr M, 3. HTC Rezound 4Gနဲ့ 4. Samsung Galaxy Note2, 5. iPhone 5တို့ပဲ ဖြစ်ပါတယ်။

Mobile Research Firm တစ်ခုဖြစ်တဲ့ On Device Researchက Mobile Phone သုံးစွဲသူပေါင်း (၃၂၀,၀၀၀)ကို နိုင်ငံပေါင်း ခြောက်နိုင်ငံမှာ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပြီး၊ အဲဒီထဲမှာ U.Sမှ လူ (၉၃၈၂၅)ယောက် ပါဝင်ပါတယ်။ U.Sက လူတွေရဲ့ ဖြေကြား ချက်တွေ အရတော့ Appleရဲ့ iPhone 5ဟာ Android ဖုန်းလေးလုံးရဲ့ နောက်မှာပဲ ရပ်တည်ခဲ့ရပါတယ်။

On Device Researchရဲ့ Marketing မန်နေဂျာ Sorah Quinnကတော့ “Appleဟာ အရင်က ထုတ်လုပ်ပြီးသား ဖုန်းတွေ အားလုံးထက် သာလွန်အောင် အရင်ဖုန်းတွေရဲ့ အားနည်းချက်တွေကို ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဖန်တီးခဲ့ပေမယ့် အခြားဖုန်း ထုတ်လုပ်သူတွေက ဒီအချက်ကို ကြိုတင် ရိပ်မိပြီး ပြင်ဆင်နိုင်ခဲ့လို့ သုံးစွဲသူများရဲ့ စိတ်ကြိုက်တွေ့မှုမှာ Android ဖုန်းလေးလုံးက ရှေ့ကို ရောက်သွားတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *