News

ကားဈေးကွက်၌ ပညာသားပါပါ လိမ်လည် ရောင်းချနေသည့် ကားကုမ္ပဏီများ ရှိ

cars-market

ပြည်တွင်း၌ ကမ္ဘာနှင့် ရင်ဘောင်တန်းကာ ၂၀၁၂-၂၀၁၃ မော်တော်ယာဉ် အသစ်များကို ငွေကြေးတတ်နိုင်သူများမှ သူ့ထက်ငါ အပြိုင် စီးနင်း မောင်းနှင်လျက် ရှိကြသည်။ ထိုသို့ စီးနင်း မောင်းနှင်ဖို့ရာအတွက်လည်း ကားကုမ္ပဏီများ အမြို့မြို့အနယ်နယ်၌ အသီးသီး ထွက်ပေါ်လာကြပြီး ဝန်ဆောင်မှုများကို အပြိုင်အဆိုင်ပေးလျက် ရှိသည်။ ထို့ကြောင့် ကားအသစ် ဝယ်ယူသူများအတွက် ဈေးနှုန်းများကို မဝယ်ယူခင် နှိုင်းယှဉ်နိုင်သည့် အတွက်ကြောင့် အကျိုးများစွာ ဖြစ်ထွန်းစေသည်။သို့ရာတွင် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ယူအေအီး အစရှိသည်တို့၌ ရုံးခွဲများ ဖွင့်လှစ်ကာ အစစ်အမှန် ဝန်ဆောင်မှုပေးနေသည့် ပြည်တွင်းရှိ ကုမ္ပဏီများ၏ အဆိုအရ ပြည်တွင်း၌ ဝန်ဆောင်မှု အစစ်အမှန် မပေးသော ကားကုမ္ပဏီများ ထွက်ပေါ်လာနေကြောင်း ပြောကြသည်။

အချို့သော ကားကုမ္ပဏီများဆိုလျှင် ကားတစ်စီး မမှာယူခင် သိန်းဂဏန်း ပမာဏ ရှိသည့် ငွေကြေးကို တောင်းခံကြသည်ဟု ဆိုသည်။ ထိုသို့ တောင်းခံပြီးနောက်မှ ဝယ်ယူသူ၏ မှာယူတင်သွင်းလိုသည့် ကားများကို ရှာဖွေပေးကြကြောင်း၊ ရှာဖွေ မတွေ့ခဲ့ပါက ကြိုတင် ပေးသွင်းထားသည့် ငွေကို ပြန်မရဘဲ နောက် ကားအမျိုးအစား တစ်စီးကို ဝယ်ယူဖို့ တိုက်တွန်းကြောင်း၊ ဝယ်ယူသူမှလည်း ပေးသွင်း ထားသည့် ငွေကြေးဆုံးရံှုးမည် ဖြစ်သဖြင့် ထိုကား ကုမ္ပဏီဖြင့်ပင် ဆက်၍ အလုပ် လုပ်ကြရကြောင်း ကြားသိရသည်။

ထိုသို့ ဖြစ်ပေါ်ရခြင်းများမှာ ဝယ်ယူသူများမှ ကြော်ငြာများကို ယုံကြည်ကြ၍ ဖြစ်ကြောင်းလည်း သိရသည်။ အချို့ကား ကြော်ငြာများတွင် ကားကုမ္ပဏီမှ တစ်သက်လုံး မထုတ်လုပ်ဖူးသော ကားကို ကြော်ငြာပြီး ဝယ်ယူသူကို ဆွဲဆောင်မှုများ ရှိကြောင်း၊ ဝယ်ယူသူက မသိပဲ ၎င်းကြေညာထားသည့် ကုမ္ပဏီသို့ သွားရောက်ခဲ့ပါက အထက် ဖော်ပြပါ အတိုင်း ကြုံတွေ့ရနိုင်ကြောင်း သိရသည်။ထို့ကြောင့် ယနေ့လို အင်တာနက် ထွန်းကား နေသည့် ခေတ်ကြီး၌ ကားကုမ္ပဏီများသို့ ကြိုတင် ငွေကြေး မပေးသွင်းမီ မိမိ မှာယူလိုသည့် မော်တော်ယာဉ်မှာ ကြော်ငြာမှာ ပါသည့် Specificationအတိုင်း ကမ္ဘာပေါ်မှာ တကယ် ရှိမရှိကို အရင် စုံးစမ်းသင့်ကြောင်း မော်တော်ယာဉ် ကျွမ်းကျင်သူများထံမှ သတင်းရရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *