ဇွန်လ ၂၂ရက်နေ့က ရန်ကုန်မြို့ရှိ MICT Parkတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကြီးမှူးကျင်းပသော ASEAN ICT Awards (AICTA) 2013 ပြိုင်ပွဲနှင့် ပက်သက်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို နံနက် ၉း၃၀ မှ ၁၁း၃၀ ထိ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော
ဒေါ်သန်းသန်းတင့် နှင့် ဒေါ်နွဲ့နွဲ့ဝင်းတို့ တက်ရောက်ခဲ့ပါတယ်။ ရည်ရွယ်ချက် (၆)ရပ်ဖြင့်ကျင်းပသော အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၆)မျိုးထည့်သွင်းထားပြီး ၎င်းတို့မှာ –
- The Public Sector
- The Private Sector
- Corporate Social Responsibility (CSR)
- Digital Content Category
- Start-up Company
- Research and Development တို့ဖြစ်ကြပါတယ်။
ဆုရရှိသူများကို ယခုနှစ် နိုဝင်ဘာလအတွင်း စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် TELMIN (Telecommunication Minister Meeting) အစည်းအဝေးတွင် ထုတ်ဖော်ကြေညာကာ ဆုများ ချီးမြှင့်သွားမည််ဟု သိရပါတယ်။ ဆုရရှိသူများကို ဆုတံဆိပ် (ရွေှ၊ ငွေ၊ ကြေး)နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ပြီး၊ ဆုကြေးငွေအဖြစ် အမေရိကန်
ဒေါ်လာ၁၀၀၀ ပေးအပ်သွားမည်ဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲသို့ စိတ်ဝင်စားသူ မည်သူမဆို ကုမ္ပဏီအနေဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ Productများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကာ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် လျှောက်လွှာများကို www.aseanictaward.com (သို့မဟုတ် ) ictcompetition@gmail.com သို့ ဝင်ရောက် ကြည့်ရှု ဆက်သွယ်ရယူနိုင်ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၄ရက်နောက်ဆုံးထားပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲနှင့် ပက်သက်သော အသေးစိတ်အချက်အလက်များကို အဆောင်(၁)၊ အခန်း(၁)၊ တက္ကသိုလ်များလှိုင်နယ်မြေ၊ မြန်မာအင်ဖိုလ်တက်၊ ရန်ကုန်မြို့။ ဖုံးနံပါတ် – ၀၁ ၆၅၂၃၀၇ နှင့် ၀၉ ၇၃၂၅၇၃၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။