News

နေပြည်တော် ရွေှရတုကျောက်မျက်ရတနာ ပြပွဲတွင် ရတနာအချို့ ပျောက်ဆုံးခဲ့

MYANMAR GEMS AND JEWELLERY

နေပြည်တော်တွင် ဇွန်လ ၁၅ရက်နေ့မှ စတင်ကျင်းပခဲ့သော အကြိမ် (၅၀)မြောက် ရွေှရတုကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက် ရတနာအချို့ပျောက်ဆုံးမှုများ ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ရက်နေ့များတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ရက်နေ့တွင် ပျောက်ဆုံးသော ကျောက်မျက်ရတနာမှာ ကျောက်စိမ်းလည်ဆွဲဖြစ်ပြီး၊ တန်ဖိုးအားဖြင့်ကျပ်သိန်းထောင်ကျော်တန်ကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲ တစ်နာရီခန့်တွင် ပြသထားသော ကျောက်စိမ်းများအား ပြန်လည်စစ်ဆေးရာ ကျောက်စိမ်း တစ်ပွင့် (၃၂ကာရက်)၊ စိန်အသေး ၁၀၃ပွင့် (ဝဒဿမ ၄၅ကာရက်)၊ မိုးစက်ပုံစိန် ၁၇ပွင့် (၂ဒဿမ ၁၀ကာရက်)၊ စုစုပေါင်း အလေးချိန် ၂၀ဒဿမ ၇၂ဂရမ်ရှိ လည် ဆွဲပျောက်ဆုံးနေကြောင်း သိရှိရသည့် အတွက် နေပြည်တော် အမှတ် (၁)မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ရာ (ပ)-၅၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွန်လ ၁၆ရက်နေ့တွင်လည်း ပတ္တမြားအရိုင်း ၄ပွင့် အလေးချိန် (၅ဒဿမ ၄၉ကာရက်)ပျောက်ဆုံးမှုတစ်ခု ထပ်မံဖြစ်ပွားပြန်ရာ အမှတ် (၁)မြို့မရဲစခန်းမှပင် (ပ) ၅၅/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၀ဖြင့် ဆက်လက်စုံစမ်း စစ်ဆေးအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပြီးခဲ့သော နေပြည်တော် ကျောက်မျက်ရတနာပွဲတွင် တရုတ်နိုင်ငံသားက အဝယ်ပြပြီးနောက်ပိုင်း ကျောက်ပျောက်သွားကြောင်း၊ ၎င်းကို ဖမ်းမိကြောင်း၊ ယခုပျောက်ဆုံးမှုမှာ မည်သို့ပျောက်ဆုံးသည်မသိကြောင်း ယခု ပွဲစနစ်သည် လုံခြုံရေးကောင်းကြောင်း၊ ယခုပျောက်ဆုံးမှုသည် ကျောက်ပိုင်ရှင်နှင့် ကျောက်ကြည့်သူ၏ အားနည်းမှုကြောင့် ဖြစ်နိုင်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *