News

အာဆီယံအသိုက်အမြုံအတွက် ကျန်လုပ်ငန်း ၁၈ရာခိုင်နှုန်းခန့် မြန်မာကဆက်လက် လုပ်ဆောင်ရန်ရှိ

အာဆီယံအသိုက်အမြုံ(ASEAN Community)ထူထောင်ရန်အတွက်ကျန်ရှိနေသောလုပ်ငန်းလိုအပ်ချက် ၁၈ရာခိုင်နှုန်းကို၂၀၁၄ခုနှစ်တွင်အာဆီယံအလှည်.ကျဥက္ကဋ္ဌအဖြစ်တာ၀န်ယူမည့်မြန်မာနိုင်ငံကဦးဆောင်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းအာဆီယံအတွင်းရေးမှုချုပ်ရုံးက အောက်တိုဘာ ၁၆ရက်တွင်သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က ဘရူးနိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သော ၂၃ကြီမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအ​ေများအပြီးထုတ်ပြန်ခဲ့သော အာဆီယံစသရင်း ထုတ်ပြန်ချက်တွင် အာဆီယံခေါင်းဆောင်များ က၂၀၁၅ခုနှစ်၌ အသက်၀င်ရန်မျှော်မှန်းထားသော အာဆီယံအသိုက်အမြုံထူထောင်ရေး ကိုပိုမိုအားစိုက်သွားမည်ဟုဖော်ပြခဲ့သည်။

၄င်းအပြင်အာဆီယံအသိုက်အမြုံဖော်ဆောင်မှုတွင် တိုးတက်မှုများမြင်တွေ့ရပြီး ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေး၊ အဖွဲ့၀င်နိုင်ငံများ အချင်းချင်းစည်းလုံးရေးကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း အာဆီယံ ဒုတိယအတွင်းရေးမှုးချုပ် ဦးဉာဏ်လင်းကပြောကြားသည်။ “အာဆီယံအသိုက်အမြုံတည်ဆေက်ရေးပုံစံတွေအတိုင်း လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးကနဦးခြေလှမ်းတွေဟာ စီးပွားရေးအသွင်အပြင်တွေကို အခွင့်အလမ်း ပိုကောင်းအောင် ပြောင်းလဲနေပါပြီ ” ဟု ဦးဉာဏ်လင်းကဆိုသည်။

လက်ရှိအချိန်တွင် အာဆီယံအသိုက်အမြုံတည်ထောင်ရန် လိုအပ်သည့်လုပ်ငန်းလိုအပ်ချက်အားလုံး၏ ၈၂ဒသမ၅ရာခိုင်နှုန်းအားဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးလုံခြုံမှုအတွက် ၇၈ရာခိ်ုင်နှုန်း၊ စီးပွားရေးအတွက် ၇၉ရာခိုင်နှုန်းနှင့် လူမှုရေးအတွက်နှင့် ယဉ်ကျေးမှုအတွက် ၉၀ရာခိုင်နှုန်းလုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

၂၀၁၅ခုနှစ်သို့ရောက်ရှိရန်၂နှစ်ကျော်သာကျန်ရှိတော့သည့်အတွက် အာဆီယံခေါင်းဆောင်များမှ ၂၀၁၅ လွန်အာဆီယံအသိုက်အမြုံဆိုင်ရာစီမံကိန်းများအတွက် ” ၂၀၁၅ အလွန်မျှော်မှန်းချက်တွေအတွက် ဘန်ဒါစရီဘီဂါ၀န် ကြေညာစာတမ်း” ကိုလိုက်နာရန်အာဆီယံခေါင်းဆောင်များကသဘောတူညီပြီး အဆိုပါကြေညာစာတမ်းတွင် အာဆီယံမျှော်မှန်ချက်အား ဖော်ဆောင်ရန်သက်ဆိုင်ရာ ကဏ္ဏအလိုက် တာ၀န်ပေးအပ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အာဆီယံ၏မျှော်မှန်းချက်မှာ နိုင်ငံရေးစည်းလုံးခြင်း၊ စီးပွားရေးအရပူးပေါင်းခြင်းနှင့် လူမှုရေးအရ တာ၀န်ယူတတ်ခြင်း တို့ရှိသည့် အသိုက်အမြုံတစ်ခုထူထောင်ရန်သာမက စစ်မှန်သည့်လူထုအခြေပြု စည်းကမ်းလိုက်နာသည့်အဖွဲ့အစည်းတစ်ရပ် ဖေါ်ဆောင်သွားရန် ဖြစ်သည်ဟုဆိုပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *