How-to

Apple မှ ကွန်ပျူတာကဲ့သို့ အသုံးပြုနိုင်ပြီး ဝတ်ဆင်၍ရသော Device များ ထုတ်လုပ်မည်

apple-device

Apple Companyဟာ ဝတ်ဆင်၍ရသော Computing Deviceများ ထုတ်လုပ်ဖို့ Wearable Computing Projectဆိုပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာ ကြာပါပြီ။ တကယ်လို့ အောင်မြင်စွာ ထုတ်လုပ်နိုင်မယ် ဆိုရင်တော့ လူကြိုက်များ အသုံးဝင်ပြီး အရောင်းသွက်တဲ့ Apple Product တစ်ခု ဖြစ်လာဦးမှာပါ။ ဒီ Projectနဲ့ ပတ်သက်ပြီး သတင်းတွေလည်း အမျိုးမျိုး ထွက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပတ်ထားတဲ့ လက်ပတ်နာရီ တစ်လုံးဟာ ကွန်ပျူတာတစ်လုံးလို တွက်ချက်နိုင်တယ်ဆိုရင် အရမ်းအသုံးဝင်မှာမို့လို့ လူတိုင်းက ဒီသတင်းတွေကို စိတ်ဝင်စားစွာ လေ့လာနေကြပါတယ်။

Appleအနေနဲ့ ဝတ်ဆင်လို့ရတဲ့ Computing Deviceဆိုတဲ့ နေရာမှာ လက်ပတ်နာရီကို အဓိက ထုတ်လုပ်မှာ ဖြစ်ပြီး၊ Watch Projectဆိုတဲ့ အစီအစဉ်လည်း ရှိပါတယ်။ ထိုအစီအစဉ်များ နဲ့ပတ်သက်ပြီး နီးစပ်တဲ့သူများရဲ့ ပြောကြားချက်အရ Appleရဲ့ Chief Engineer James Fosterနဲ့ Program Manager Achim Pantfoerderတို့ဟာ ဒီဇိုင်နာပေါင်းတစ်ရာကျော်နဲ့ အခြား အင်ဂျင်နီယာများ၊ Programmerများ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ Bloomberg သတင်းစာမှ ဒီနာရီကို iPhoneနဲ့ iPadတို့မှာ ထည့်သွင်း အသုံးပြုမယ်လို့ ခန့်မှန်း ပြောဆိုခဲ့ပေမယ့် Appleမှ မှတ်ချက် တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။ သေချာတာကတော့ ဒီ Deviceကို Curved – Glassနဲ့ တည်ဆောက်မှာ ဖြစ်ပြီး တစ်ချိန်ကလည်း Appleရဲ့ CEO Steve Jobsက iPod Nanoကို လက်ပတ်နာရီ တစ်လုံးကဲ့သို့ ဝတ်ဆင်နိုင်အောင် ပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီ Computer တစ်လုံးလို စွမ်းဆောင်နိုင်မယ့် Apple Watchမှာ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနဲ့ မြေပုံနှင့် လမ်းပြစနစ်များ ပါဝင်မယ်လို့လည်း သိရှိရပြီး Apple ချစ်သူများ အားလုံးက စိတ်ဝင်စားစွာ စောင့်မျှော်နေလျက်ရှိကြောင်း သိရှိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *